Unicode
မိမိကိုယ်ကို အရှည် ပေ ၂၀ ရှည်လျားတဲ့ စပါးကြီးတစ်ကောင်ရဲ့သားကောင်အဖြစ် စမ်းသပ်ခဲ့ဖူးတဲ့ အသက် ၂၇ ခုနှစ် အရွယ် Paul Rosolie ကို သိကြမယ်လို့ ထင်ပါတယ်။
Paul Rosolie ဟာ အမေရိကန် တောရိုင်းတိရိစ္ဆာန် ထိန်းသိမ်း စောင့်ရှောက်ရေး ပညာရှင်တစ်ဦး ဖြစ်ပြီး တောင်အမေရိကရှိ အမေဇုန် မြစ်ဘေးက ၁၈ ကောင်မြောက် တောတွင်း စပါးကြီးမြွေတစ်ကောင်ကို စမ်းသပ်ခဲ့တာ ဖြစ်ပါတယ်။
အဆိုပါ စမ်းသပ်ခဲ့တဲ့ မှတ်တမ်းဟာ၂၀၁၄ ခုနှစ်က Discovery Channel မှာ ‘Eaten Alive’ မှတ်တမ်းရုပ်ရှင်ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ပထမဆုံး ထုတ်လွှင့်ခဲ့တာပါ။
မှတ်တမ်းမှာတော့ Paul Rosolie ဟာ စပါးကြီးမြွေရဲ့ ရစ်ပတ်ပြီး အမဲလိုက်ခြင်းကို ခံနိုင်ရည် ရှိအောင် သူ့ရဲ့ ခန္ဓာကိုယ် တစ်ကိုယ်လုံးကို သံချပ်ကာဝတ်စုံ ဝတ်ထားပြီး အနီးကပ် မှတ်တမ်းတင်နိုင်ဖို့လည်း ကင်မရာများ တပ်ဆင်ထားခဲ့ပါတယ်။
အနီးအနားမှာတော့ သူ့ရဲ့ ဇနီးဖြစ်သူ အပါအဝင် အဖွဲ့သားတွေအားလုံးကလည်း စောင့်ကြည့်နေခဲ့ရပါတယ် မြွေရဲ့ သဘာဝအလျောက် အမဲလိုက်ခြင်းမှာ Paul Rosolie ဟာ ဦးခေါင်းနှင့် လက် အနည်းငယ် အမြိုခံရပါတယ်။
မိနစ်အနည်းငယ် အကြာမှာတော့ စိတ်ခြောက်ခြားကာ သူ့ရဲ့ အဖွဲ့သားတွေကို အကြောင်းကြားပြီး စမ်းသပ်မှုကို လက်လျှော့ခဲ့ရတာ ဖြစ်ပါတယ်။
သံချပ်ကာ တစ်ကိုယ်လုံးကို ဝတ်ဆင်ထားပေမယ့် မြွေကြီးနဲ့ ညှစ်အားကြောင့် အရိုးများ ကျိုးကြေမွလာသလို ခံစားလာတာကြောင့် သူ့ရဲ့ စမ်းသပ်မှုကို အချိန်မီ အဆုံးသတ်ခဲ့တာ ဖြစ်ပါတယ်။
Crd
Zawgyi
မိမိကိုယ္ကို အရွည္ ေပ ၂၀ ရွည္လ်ားတဲ့ စပါးႀကီးတစ္ေကာင္ရဲ႕သားေကာင္အျဖစ္ စမ္းသပ္ခဲ့ဖူးတဲ့ အသက္ ၂၇ ခုႏွစ္ အ႐ြယ္ Paul Rosolie ကို သိၾကမယ္လို႔ ထင္ပါတယ္။
Paul Rosolie ဟာ အေမရိကန္ ေတာ႐ိုင္းတိရိစာၦန္ ထိန္းသိမ္း ေစာင့္ေရွာက္ေရး ပညာရွင္တစ္ဦး ျဖစ္ၿပီး ေတာင္အေမရိကရွိ အေမဇုန္ ျမစ္ေဘးက ၁၈ ေကာင္ေျမာက္ ေတာတြင္း စပါးႀကီးေႁမြတစ္ေကာင္ကို စမ္းသပ္ခဲ့တာ ျဖစ္ပါတယ္။
အဆိုပါ စမ္းသပ္ခဲ့တဲ့ မွတ္တမ္းဟာ၂၀၁၄ ခုႏွစ္က Discovery Channel မွာ ‘Eaten Alive’ မွတ္တမ္း႐ုပ္ရွင္ရဲ႕ တစ္စိတ္တစ္ပိုင္းအျဖစ္ ပထမဆုံး ထုတ္လႊင့္ခဲ့တာပါ။
မွတ္တမ္းမွာေတာ့ Paul Rosolie ဟာ စပါးႀကီးေႁမြရဲ႕ ရစ္ပတ္ၿပီး အမဲလိုက္ျခင္းကို ခံႏိုင္ရည္ ရွိေအာင္ သူ႔ရဲ႕ ခႏၶာကိုယ္ တစ္ကိုယ္လုံးကို သံခ်ပ္ကာဝတ္စုံ ဝတ္ထားၿပီး အနီးကပ္ မွတ္တမ္းတင္ႏိုင္ဖို႔လည္း ကင္မရာမ်ား တပ္ဆင္ထားခဲ့ပါတယ္။
အနီးအနားမွာေတာ့ သူ႔ရဲ႕ ဇနီးျဖစ္သူ အပါအဝင္ အဖြဲ႕သားေတြအားလုံးကလည္း ေစာင့္ၾကည့္ေနခဲ့ရပါတယ္ ေႁမြရဲ႕ သဘာဝအေလ်ာက္ အမဲလိုက္ျခင္းမွာ Paul Rosolie ဟာ ဦးေခါင္းႏွင့္ လက္ အနည္းငယ္ အၿမိဳခံရပါတယ္။
မိနစ္အနည္းငယ္ အၾကာမွာေတာ့ စိတ္ေျခာက္ျခားကာ သူ႔ရဲ႕ အဖြဲ႕သားေတြကို အေၾကာင္းၾကားၿပီး စမ္းသပ္မႈကို လက္ေလွ်ာ့ခဲ့ရတာ ျဖစ္ပါတယ္။
သံခ်ပ္ကာ တစ္ကိုယ္လုံးကို ဝတ္ဆင္ထားေပမယ့္ ေႁမြႀကီးနဲ႔ ညႇစ္အားေၾကာင့္ အ႐ိုးမ်ား က်ိဳးေၾကမြလာသလို ခံစားလာတာေၾကာင့္ သူ႔ရဲ႕ စမ္းသပ္မႈကို အခ်ိန္မီ အဆုံးသတ္ခဲ့တာ ျဖစ္ပါတယ္။
Crd