ကမာၻတစ္ဝွမ္းမွ ခ်စ္သူေမာင္မယ္ေတြ ရဲ ့သစၥာ ကိုထာ၀ရတည္ျမဲေစတယ္လို ့ယံုၾကည္ၾကသူမ်ားက ေသာ့ခတ္ ဆုေတာင္းတံတား

Unicode

ကမ္ဘာတစ်ဝှမ်းမှ ချစ်သူမောင်မယ်တွေ တကူးတက လာ၍သစ္စာနှံသော တံတား Pont Des Arts Bridge ဒီတံတား အကြောင်း ကျနော် ကြားဖူးခဲ့တာ ကြာပြီ။ အတိအကျသာ မသိခဲ့တာပါ။

တခါက ကြည့်ခဲ့ဖူးတဲ့ မြင်းသည်တော် ၄ ယောက် မျက်လှည့်အဖွဲ့ အကြောင်း Now You See Me ဇာတ်ကားမှာမှ သေသေချာချာ မြင်တွေ့ ကြားသိလိုက်ရတယ်။

အဲဒီ တံတားကတော့ Pont des Arts တံတား ပြင်သစ်ဘာသာ အသံထွက်ကတော့ ပွန်းဒေးဇာတ် တံတားလို့ ခေါ်တယ်တဲ့ ကမ္ဘာတစ်ဝှမ်းက ချစ်သူမောင်မယ်တွေ တကူးတကလာပြီး သစ္စာနှံတဲ့ တံတားလို့ နံမယ်ကြီးတယ်။

ပြင်သစ်ပြည် ပဲရစ်မြို့က Seine မြစ်ကို ဖြတ်ပြီးတည်ဆောက်ထားတဲ့ သံဘောင် တံတား တစ်ခုပါ၁၈၀၂ ခုနှစ် ပထမ နပိုလီယံဘုရင်လက်ထက်မှာ တည်ဆောက်ခဲ့တဲ့ပထမဆုံး ပဲရစ်မြို့ရဲ့ သံတားတစ်ခု အဖြစ် မှတ်တမ်းဝင်တယ်။

၁၉၇၉ ခုနှစ်မှာ တံတား ကြံ့ခိုင်မှု ယိုယွင်းလာပြီး ခေတ္တ ပိတ်ခဲ့ရတယ် ၁၉၈၄ ခုနှစ်မှာ အသစ်ပြန်တည်ဆောက်ပြီး ပြန်ဖွင့်ခဲ့တယ် နာမည်လည်း ပြောင်းလိုက်တယ် Pont neuf တဲ့

ဒါပေမဲ့ လူတွေအားလုံးက ယနေ့ထိ နံမယ်ဟောင်းပွန်းဒေဇာတ်ကိုပဲ ခေါ်နေခဲ့တယ် အဲဒီအချိန်ထိ ဒီတံတားဟာ သာမန် လူသိနည်းတဲ့ တံတားတစ်စင်းသာ ဖြစ်ခဲ့ပါတယ်

၂၀၀၈ ခုနှစ်ရောက်တော့ အဲဒီတံတားဟာ ကမ္ဘာကျော် တံတား ဖြစ်လာတယ် ဘယ်ကဘယ်က လာမှန်း မသိတဲ့ ချစ်သူစုံတွဲတွေ တံတားစင်္ကြံ သံဇကာကွက်မှာ သော့ခလောက်တွေ လာခတ်ကြတယ်။

ဘယ်လောက် များလဲဆိုရင် တစ်နှစ်တည်းမှာ သော့ခလောက် အလုံးရေ ၆ သိန်း ကျော်တယ်လို့ ဆိုတယ် ဟုတ်မလား မသိပုံမှာ မြင်တဲ့အတိုင်းပါဘဲ ချစ်သူမောင်နှံတွေဟာ တစ်ဦးနဲ့တစ်ဦး သစ္စာဆိုပြီး သံဇကာကွက်မှာ သော့ခလောက်ပိတ်ခတ်ပြီး သော့တံကို Seine မြစ်ထဲ ပစ်ချလိုက်တာပါဘဲ။

ဘယ်သူက စပြီး ထွင်လိုက်တဲ့ ဇာတ်လမ်းဆိုတာ အခုထိစုံစမ်းလို့ မရသေးဘူး ပြသနာက ပဲရစ်မြို့တော်ဝန်ဆီ ရောက်သွားတယ် ဒီသောခတ်တဲ့အလေ့အထဟာ ပဲရစ်မြို့သားတွေရဲ့ထုံးစံ မဟုတ်ဘူးဆိုတာ သေချာတယ်။

လာခတ်တဲ့ စုံတွဲတွေက ကမ္ဘာအနှံ့ကကို တကူးတက လာကြတာ တွေ့ရတယ် တနှစ်တနှစ် များပြားလာတဲ့ ဒီသော့ခလောက်တွေရဲ့အလေးချိန်က တံတား အကန့်တစ်ကန့်ကို ၂၅ တန်လောက် အလေးချိန် ရှိနေတယ်။

တံတားကြံ့ခိုင်မှု မထိခိုက်အောင်သော့ခလောက်တွေကို ဖျက်ဆီးရတာ မြို့တော်ဝန်အတွက် အလုပ်တစ်ခု ဖြစ်လာတယ်မြစ်ကြောင်းထဲက သော့တံတွေ လည်း ဆယ်ရသေးတယ် ရေစီးရေလာ ကောင်းဖို့လည်း အရေးကြီးတယ် မဟုတ်လား။

နောက်ဆုံး မြို့တော်ဝန်က ကြေငြာချက် ထုတ် ပြန်ထားရပါတယ် သင်တို့ရဲ့ အချစ် သင်္ကေတ တွေကို သော့ခလောက် မပါပဲ လွတ်လပ်စွာ ပြကြပါ
Love without Lock ! ဆိုတဲ့ စာတမ်းတွေ ကပ်ပြီး သတိပေးရတဲ့ အထိပါပဲ ။

ဒါပေမဲ့ မအောင်မြင်ပါဘူး ခတ်တာတော့ လာခတ်တုန်းပါဘဲ ဘယ်တော့မှ လျော့သွားတာ မရှိပါဘူးေ နာက်ဆုံးတော့ မြို့တော်ဝန်က စင်္ကြံ အကာအရံတွေကို သော့ခတ်လို့ မရတဲ့ Fibre Glass ပြောင်းပြီး ကာမယ်လို့ ဆိုပါတယ်။

လောလောဆယ်တော့ သော့ခလောက်တွေ လာခတ်တဲ့လူက ခတ်နေကြတုန်းပါဘဲ ဒီနေရာမှာ မရှင်းတာက အချစ်ဆိုတာ စာချုပ်မှာ လက်မှတ် ထိုးလိုက်ရုံ သော့ခလောက်ခတ်လိုက်ရုံနဲ့ ခိုင်မာပြီတဲ့လား။

Crd

Zawgyi

ကမာၻတစ္ဝွမ္းမွ ခ်စ္သူေမာင္မယ္ေတြ တကူးတက လာ၍သစၥာႏွံေသာ တံတား Pont Des Arts Bridge ဒီတံတား အေၾကာင္း က်ေနာ္ ၾကားဖူးခဲ့တာ ၾကာၿပီ။ အတိအက်သာ မသိခဲ့တာပါ။

တခါက ၾကည့္ခဲ့ဖူးတဲ့ ျမင္းသည္ေတာ္ ၄ ေယာက္ မ်က္လွည့္အဖြဲ႕ အေၾကာင္း Now You See Me ဇာတ္ကားမွာမွ ေသေသခ်ာခ်ာ ျမင္ေတြ႕ ၾကားသိလိုက္ရတယ္။

အဲဒီ တံတားကေတာ့ Pont des Arts တံတား ျပင္သစ္ဘာသာ အသံထြက္ကေတာ့ ပြန္းေဒးဇာတ္ တံတားလို႔ ေခၚတယ္တဲ့ ကမာၻတစ္ဝွမ္းက ခ်စ္သူေမာင္မယ္ေတြ တကူးတကလာၿပီး သစၥာႏွံတဲ့ တံတားလို႔ နံမယ္ႀကီးတယ္။

ျပင္သစ္ျပည္ ပဲရစ္ၿမိဳ႕က Seine ျမစ္ကို ျဖတ္ၿပီးတည္ေဆာက္ထားတဲ့ သံေဘာင္ တံတား တစ္ခုပါ၁၈၀၂ ခုႏွစ္ ပထမ နပိုလီယံဘုရင္လက္ထက္မွာ တည္ေဆာက္ခဲ့တဲ့ပထမဆုံး ပဲရစ္ၿမိဳ႕ရဲ႕ သံတားတစ္ခု အျဖစ္ မွတ္တမ္းဝင္တယ္။

၁၉၇၉ ခုႏွစ္မွာ တံတား ႀကံ့ခိုင္မႈ ယိုယြင္းလာၿပီး ေခတၱ ပိတ္ခဲ့ရတယ္ ၁၉၈၄ ခုႏွစ္မွာ အသစ္ျပန္တည္ေဆာက္ၿပီး ျပန္ဖြင့္ခဲ့တယ္ နာမည္လည္း ေျပာင္းလိုက္တယ္ Pont neuf တဲ့

ဒါေပမဲ့ လူေတြအားလုံးက ယေန႔ထိ နံမယ္ေဟာင္းပြန္းေဒဇာတ္ကိုပဲ ေခၚေနခဲ့တယ္ အဲဒီအခ်ိန္ထိ ဒီတံတားဟာ သာမန္ လူသိနည္းတဲ့ တံတားတစ္စင္းသာ ျဖစ္ခဲ့ပါတယ္

၂၀၀၈ ခုႏွစ္ေရာက္ေတာ့ အဲဒီတံတားဟာ ကမာၻေက်ာ္ တံတား ျဖစ္လာတယ္ ဘယ္ကဘယ္က လာမွန္း မသိတဲ့ ခ်စ္သူစုံတြဲေတြ တံတားစႀကႍ သံဇကာကြက္မွာ ေသာ့ခေလာက္ေတြ လာခတ္ၾကတယ္။

ဘယ္ေလာက္ မ်ားလဲဆိုရင္ တစ္ႏွစ္တည္းမွာ ေသာ့ခေလာက္ အလုံးေရ ၆ သိန္း ေက်ာ္တယ္လို႔ ဆိုတယ္ ဟုတ္မလား မသိပုံမွာ ျမင္တဲ့အတိုင္းပါဘဲ ခ်စ္သူေမာင္ႏွံေတြဟာ တစ္ဦးနဲ႔တစ္ဦး သစၥာဆိုၿပီး သံဇကာကြက္မွာ ေသာ့ခေလာက္ပိတ္ခတ္ၿပီး ေသာ့တံကို Seine ျမစ္ထဲ ပစ္ခ်လိုက္တာပါဘဲ။

ဘယ္သူက စၿပီး ထြင္လိုက္တဲ့ ဇာတ္လမ္းဆိုတာ အခုထိစုံစမ္းလို႔ မရေသးဘူး ျပသနာက ပဲရစ္ၿမိဳ႕ေတာ္ဝန္ဆီ ေရာက္သြားတယ္ ဒီေသာခတ္တဲ့အေလ့အထဟာ ပဲရစ္ၿမိဳ႕သားေတြရဲ႕ထုံးစံ မဟုတ္ဘူးဆိုတာ ေသခ်ာတယ္။

လာခတ္တဲ့ စုံတြဲေတြက ကမာၻအႏွံ႔ကကို တကူးတက လာၾကတာ ေတြ႕ရတယ္ တႏွစ္တႏွစ္ မ်ားျပားလာတဲ့ ဒီေသာ့ခေလာက္ေတြရဲ႕အေလးခ်ိန္က တံတား အကန႔္တစ္ကန႔္ကို ၂၅ တန္ေလာက္ အေလးခ်ိန္ ရွိေနတယ္။

တံတားႀကံ့ခိုင္မႈ မထိခိုက္ေအာင္ေသာ့ခေလာက္ေတြကို ဖ်က္ဆီးရတာ ၿမိဳ႕ေတာ္ဝန္အတြက္ အလုပ္တစ္ခု ျဖစ္လာတယ္ျမစ္ေၾကာင္းထဲက ေသာ့တံေတြ လည္း ဆယ္ရေသးတယ္ ေရစီးေရလာ ေကာင္းဖို႔လည္း အေရးႀကီးတယ္ မဟုတ္လား။

ေနာက္ဆုံး ၿမိဳ႕ေတာ္ဝန္က ေၾကျငာခ်က္ ထုတ္ ျပန္ထားရပါတယ္ သင္တို႔ရဲ႕ အခ်စ္ သေကၤတ ေတြကို ေသာ့ခေလာက္ မပါပဲ လြတ္လပ္စြာ ျပၾကပါ
Love without Lock ! ဆိုတဲ့ စာတမ္းေတြ ကပ္ၿပီး သတိေပးရတဲ့ အထိပါပဲ ။

ဒါေပမဲ့ မေအာင္ျမင္ပါဘူး ခတ္တာေတာ့ လာခတ္တုန္းပါဘဲ ဘယ္ေတာ့မွ ေလ်ာ့သြားတာ မရွိပါဘူးေ နာက္ဆုံးေတာ့ ၿမိဳ႕ေတာ္ဝန္က စႀကႍ အကာအရံေတြကို ေသာ့ခတ္လို႔ မရတဲ့ Fibre Glass ေျပာင္းၿပီး ကာမယ္လို႔ ဆိုပါတယ္။

ေလာေလာဆယ္ေတာ့ ေသာ့ခေလာက္ေတြ လာခတ္တဲ့လူက ခတ္ေနၾကတုန္းပါဘဲ ဒီေနရာမွာ မရွင္းတာက အခ်စ္ဆိုတာ စာခ်ဳပ္မွာ လက္မွတ္ ထိုးလိုက္႐ုံ ေသာ့ခေလာက္ခတ္လိုက္႐ုံနဲ႔ ခိုင္မာၿပီတဲ့လား။

Crd