မြန်မာနိုင်ငံတစ်ဝန်း ဒီဇင်ဘာ ၁၅ ရက် ည ၆ နာရီကျော် ၇ နာရီ ဝန်းကျင်မှာ ကြီးမားတဲ့အလင်းတန်းကြီးက (ဘာကြီးလဲ?)
မြန်မာနိုင်ငံတစ်ဝန်း ဒီဇင်ဘာ ၁၅ ရက် ည ၆ နာရီကျော် ၇ နာရီ ဝန်းကျင်မှာ ကြီးမားတဲ့အလင်းတန်းကြီး ဖြတ်ပျံသန်းသွားတာကို အထင်အရှားတွေ့မြင်ရလို့ သို့လောသို့လော ရေးသားကြတာ တွေ့ရပါတယ်။
နောက်ဆုံးရ သတင်းအရတော့ ၆၄ ပေကြီးပြီး တစ်နာရီ ကီလိုမီတာ ၃၀၈၈၈ နှုန်းပျံဝဲနေတဲ့ 2022 XO ဂြိုဟ်သိမ်တခု ဖြစ်ကြောင်း NASA က သတင်း ထုတ်ပြန်လိုက်ပါတယ်။
အားလုံးမြင်လိုက်ရတဲ့ အလင်းတန်းအကြီးကြီးဟာ ကမ္ဘာနဲ့ နီးကပ်စွာပျံသန်းနေတဲ့ ဂြိုလ်သိမ် 2022 XO သာဖြစ်ပြီး ဒီနေ့ ဖြတ်သန်းမှုဖြစ်စဉ်မှာ နာဆာရဲ့ အာကာသကြည့်မှန်ဘီလူးတွေအရ ၆၄ ပေ ထုရှိတဲ့ ဂြိုဟ်သိမ် တစ်ခု ပျံသန်းနေခြင်းဖြစ်တယ်လို့ ဆိုပါတယ်။
ဒီဂြိုဟ်သိမ်ဟာ နောက်ရက်အနည်းငယ်အတွင်း ဆက်လက်ပျံသန်းနေမှာဖြစ်ပြီး ကမ္ဘာမြေပေါ်ကျချိန်မှာ ထုထည်လျှော့ကျမသွားရင်တော့ အန္တရာယ်အတိုင်းအတာတခုအဖြစ် ရှိနိုင်တယ်လို့ သတိပေးထားပါတယ်။
ဒီဂြိုလ်သိမ်ဟာ ကမ္ဘာမြေနဲ့ ကီလိုမီတာ ၃ .၂ သန်းအမြင့်မှာ ပျံသန်းသွားနေတာဖြစ်ပြီး ပျံသန်းနေတဲ့ အရှိန် ကတော့ တစ်နာရီ ကီလိုမီတာ ၃၀၈၈၈ နှုန်းနဲ့ ဖြတ်ပျံနေတာမို့ ဒီအမြင့်၊
ဒီအရှိန်နဲ့ ပျံသန်းနေတဲ့ ဂြိုဟ်သိမ်ပမာဏဟာ ကမ္ဘာ့လေထုထဲ ဝင်ရောက်လာခဲ့ရင်တော လေထုက ပွန်းပဲ့တိုက်စားသွားမှာဖြစ်လို့ အန္တရာယ်
သိပ်မရှိနိုင်လောက်ဘူးလို့ ယူဆရကြောင်း သတင်းထုတ်ပြန်ထားပါတယ်။
Credit. မိုးဟိန်းကျော်
Zawgyi
ျမန္မာႏိုင္ငံတစ္ဝန္း ဒီဇင္ဘာ ၁၅ ရက္ ည ၆ နာရီေက်ာ္ ၇ နာရီ ဝန္းက်င္မွာ ႀကီးမားတဲ့အလင္းတန္းႀကီးက (ဘာႀကီးလဲ?)
ျမန္မာႏိုင္ငံတစ္ဝန္း ဒီဇင္ဘာ ၁၅ ရက္ ည ၆ နာရီေက်ာ္ ၇ နာရီ ဝန္းက်င္မွာ ႀကီးမားတဲ့အလင္းတန္းႀကီး ျဖတ္ပ်ံသန္းသြားတာကို အထင္အရွားေတြ႕ျမင္ရလို႔ သို႔ေလာသို႔ေလာ ေရးသားၾကတာ ေတြ႕ရပါတယ္။
ေနာက္ဆုံးရ သတင္းအရေတာ့ ၆၄ ေပႀကီးၿပီး တစ္နာရီ ကီလိုမီတာ ၃၀၈၈၈ ႏႈန္းပ်ံဝဲေနတဲ့ 2022 XO ၿဂိဳဟ္သိမ္တခု ျဖစ္ေၾကာင္း NASA က သတင္း ထုတ္ျပန္လိုက္ပါတယ္။
အားလုံးျမင္လိုက္ရတဲ့ အလင္းတန္းအႀကီးႀကီးဟာ ကမာၻနဲ႔ နီးကပ္စြာပ်ံသန္းေနတဲ့ ၿဂိဳလ္သိမ္ 2022 XO သာျဖစ္ၿပီး ဒီေန႔ ျဖတ္သန္းမႈျဖစ္စဥ္မွာ နာဆာရဲ႕ အာကာသၾကည့္မွန္ဘီလူးေတြအရ ၆၄ ေပ ထုရွိတဲ့ ၿဂိဳဟ္သိမ္ တစ္ခု ပ်ံသန္းေနျခင္းျဖစ္တယ္လို႔ ဆိုပါတယ္။
ဒီၿဂိဳဟ္သိမ္ဟာ ေနာက္ရက္အနည္းငယ္အတြင္း ဆက္လက္ပ်ံသန္းေနမွာျဖစ္ၿပီး ကမာၻေျမေပၚက်ခ်ိန္မွာ ထုထည္ေလွ်ာ့က်မသြားရင္ေတာ့ အႏၲရာယ္အတိုင္းအတာတခုအျဖစ္ ရွိႏိုင္တယ္လို႔ သတိေပးထားပါတယ္။
ဒီၿဂိဳလ္သိမ္ဟာ ကမာၻေျမနဲ႔ ကီလိုမီတာ ၃ .၂ သန္းအျမင့္မွာ ပ်ံသန္းသြားေနတာျဖစ္ၿပီး ပ်ံသန္းေနတဲ့ အရွိန္ ကေတာ့ တစ္နာရီ ကီလိုမီတာ ၃၀၈၈၈ ႏႈန္းနဲ႔ ျဖတ္ပ်ံေနတာမို႔ ဒီအျမင့္၊
ဒီအရွိန္နဲ႔ ပ်ံသန္းေနတဲ့ ၿဂိဳဟ္သိမ္ပမာဏဟာ ကမာၻ႔ေလထုထဲ ဝင္ေရာက္လာခဲ့ရင္ေတာ ေလထုက ပြန္းပဲ့တိုက္စားသြားမွာျဖစ္လို႔ အႏၲရာယ္
သိပ္မရွိႏိုင္ေလာက္ဘူးလို႔ ယူဆရေၾကာင္း သတင္းထုတ္ျပန္ထားပါတယ္။
Credit. မိုးဟိန္းေက်ာ္