
Unicode

ကျောင်းရဲ့အလှမယ်ပြိုင်ပွဲတွင် မိန်းကလေးတစ်ဦးလို ပြင်ဆင်ဝတ်စားပြီး ယှဉ်ပြိုင်ခဲ့ရာ ပီပြင်လွန်းသောကြောင့် ပထမဆုရရှိခဲ့သော ကောင်လေး

ကျောင်းသား ကျောင်းသူဘဝသည် လူတိုင်းအတွက် မေ့ဖျောက်လို့မရနိုင်သည့်တစ်ခါပြန်လိုချင် ပြန်လွမ်းစေမည့်အမှတ်တရကောင်းလေးတွေအဖြစ် ကျန်ရှိနေမည်ဆိုတာ အသေအချာပါ။

သို့ဖြစ်၍ ဗီယက်နမ်နိုင်ငံ ကွမ်နန်ပြည်နယ် Dai Locခရိုင် တက္ကသိုလ်ကျောင်းတစ်ခုတွင်တက်ရောက်နေသော အသက် ၁၈နှစ်အရွယ်ကောင်လေးသည် ကျောင်းအလှမယ်ရွေးပြိုင်ပွဲ၌ သူငယ်ချင်းတွေရဲ့ မြှောက်ထိုးပင့်ကော်လုပ်မှုကြောင့် မိန်းကလေးတစ်ဦးလို ဝတ်စားဆင်ယင်၍ ယှဉ်ပြိုင်ခဲ့ရသည်။

ကောင်လေးသည် မိတ်ကပ်တွေနှင့်အတူ အလှပြင်ပြီးနောက် အဝတ်အစားအား Hoi Anမြို့ရဲ့ ပွဲတော်နေ့မှာ လှပသော မီးပုံးများထွန်းလင်းကြသည့် ရှူခင်းအလှကို ဖော်ပြလိုသည့် ဝတ်စုံလေးကို ရွေးချယ်ကာ ဝတ်ဆင်ခဲ့သည်။

ထိုအဝတ်အစားကြောင့်ပဲ မြို့တော်ရဲ့ ရှေးဟောင်းအမွေအနှစ်လေးကို မြှင့်တင်စေနိုင်ခဲ့ပြီး တကယ့်မိန်းကလေးအစစ်နဲ့ပင်ဆင်တင်လွန်းတာကြောင့် တစ်ကျောင်းလုံးမှအံ့အားသင့် ငေးကြည့်ကြကာ ပြိုင်ပွဲတွင် ပထမဆုအား ဆွတ်ခူးနိုင်ခဲ့သည်။

ထိုသို့ ပြုလုပ်ခြင်းအတွက် သူတို့လေးတွေအားလုံးရဲ့ ကျောင်းသားဘဝမှာ အပျော်ရွှင်ဆုံး အမှတ်တရကောင်းလေးတွေအဖြစ် ထင်ကျန်ခဲ့သည်။

Crd

Zawgyi







Crd