
Unicode

အလဟသမဖြစ်အောင်ဆိုပြီး တပည့်တွေစားထားပြီးသား ထမင်းကျန် ဟင်းကျန်ကို ပြန်စားခဲ့သော ဆရာဖြစ်သူ

တရုတ်နိုင်ငံ Hunanပြည်နယ် Qiyangမြို့ရှိ ကိုယ်ပိုင်အထက်တန်းကျောင်းတစ်ကျောင်းတွင် ဆရာဖြစ်သူသည် တပည့်တွေ စားထားပြီးသားကျန်နေသည့် ဟင်းကျန် ထမင်းကျန်ကို ပြန်၍စားသုံးခြင်းဖြင့် နာမည်ကြီးနေခဲ့သည်။

ဆရာဖြစ်သူသည် ကျောင်းသားလေးတွေ၏ စံပြပုဂ္ဂိုလ်တစ်ယောက်ဖြစ်ချင်ပြီး အစားအသောက်များကို ဖြုန်းတီးခြင်းမှ ကာကွယ်လိုသည့်အတွက် ကျောင်းသား ၈ယောက်လောက်၏ ကြွင်းကျန်နေသော ထမင်းဟင်းကို စားခဲ့သည်။

ကျောင်းအစည်းအဝေးလုပ်ချိန်က ကျောင်းသားလေးများသည် နေ့လည်စာကို သေချာမစားပဲ သုံးပုံတစ်ပုံလောက်ကို သွန်ပစ်ကြ၍ အစားအစာများကို အလဟသမဖြစ်စေရန် စိတ်ကူးရရှိခဲ့သည်။

ထိုအချိန်မှပဲ ကျောင်းသားလေးများသည် သူတို့ထမင်းဟင်းကျန်တွေကို ဆရာဖြစ်သူမစားမိလေအောင် သူတို့ကြိုက်နှစ်သက်သော အစားအစာကိုသာရွေးချယ်လိုက်ကြပြီး ကုန်အောင်လည်းစားခဲ့ကြသည်။

Crd

Zawgyi






Crd