Unicode
တချိန်က မြန်မာ့ဘတ်စ်ကားလောကမှာ တခေတ်တနေရာ ပါဝင်ခဲ့ကြတဲ့ အမျိုးသမီး စပယ်ယာ…
၁၉၇၀ လောက်ကအမျိုးသမီးစပယ်ယာကိုမှီလိုက်တယ်။ကိုယ်တိုင်ဘတ်စ်မစီးတတ်သေးဘူး။
လူကြီးနဲ့လိုက်သွားရင်းအမျိုးသမီးစပယ်ယာကိုမှတ်မိနေတာ။တောင်ဥက္ကလာ – ဆူးလေဆွဲတဲ့ဟီးနိူး (Hino BT) မှာအမျိုးသမီးစပယ်ယာပါတယ်။
အပေါ်ဘလောက်စ်အင်္ကျီအဖြူ၊အပြာရင့်ရောင်ထမိန်တိုတိုဝတ်ထားကြတယ်။ခါးမှာကားလက်မှတ်ထည့်တဲ့သားရည်ခါးပတ်ကြီးပတ်ထားပြီးရှုးဖိနပ်နဲ့။လက်မှတ်တန်ဘိုးအမျိုးမျိုးရှိပြီးတန်ဘိုးအပြင်လက်မှတ်အရောင်နဲ့ခွဲထားတယ်။
အဲ့ဒီတုံးကဘတ်စ်ကားပေါ်မှတ်တတ်ရပ်စီးသူမရှိသလောက်ပဲ။ပါစင်ဂျာ (ခရီးသည်) တိုင်းအပြာရောင်သားရေထိုင်ခုံကိုယ်စီနဲ့စမတ်ကျကျ။ညဆိုကားပေါ်မီးထွန်းထားလို့ထိန်လင်းနေတယ်။
ဟီနိုးဘတ်စ်လာနေတာဟိုးအဝေးကလှမ်းမြင်ရတယ်။ခန့်မှန်း ၁၉၇၅-၈၀ မှာရန်ကုန်ဘတ်စ်ကားစနစ်ပျက်စီးသွားပြီး ယဉ်ကျေးသိမ်မွေ့တဲ့အမျိုးသမီးစပယ်ယာအစား ယောကျာ်းလေးဖိုက်တာစပယ်ယာအုပ်စုပေါ်လာတယ်။
၁၆၆၂ ခုနှစ်ပြင်သစ်မှာအများပြည်သူသုံးယာဉ်(ဘတ်စ်ကား၊မြည်းလှည်း)စနစ်ပေါ်ပေါက်လာခဲ့တယ်။
၁၉၁၅ ခုနှစ်လန်ဒန်အမှတ် (၃၇) ဘတ်စ်ကားလိုင်းမှာ Mrs.G.Duncan ဟာကမ္ဘာ့ပထမဆုံးအမျိုးသမီးစပယ်ယာအဖြစ်အလုပ်ဝင်ခဲ့တယ်။
၁၉၇၀-၈၀ အတွင်းဥရောပနိုင်ငံဘတ်စ်ကားလိုင်းများမှာစပယ်ယာပါတာပုံမှန်ဖြစ်နေပပြီ။
နှစ်ထပ်ဘတ်စ်ကားကြီးမှာစပယ်ယာပါမှခရီးသည်ဝန်ဆောင်မှုပိုလွယ်ကူအဆင်ပြေစေမှာပါ။
တရုတ်မှာဘတ်စ်ကားလိုင်းစပယ်ယာရှိကြပေမယ့်ပိုက်ဆံကောက်ဖို့မဟုတ်ဘူး၊ခရီးသည်ကိုလိုအပ်တာကူညီဆောင်ရွက်ပေးနိုင်ဖို့ဘတ်စ်ပေါ်လိုက်လာကြတာပါ။
အိန္ဒိယ၊ပါကစ္စတန်၊ဘင်္ဂလားဒေ့ချ်နိုင်ငံဘတ်စ်ကားလိုင်များမှာစပယ်ယာပါကြပြီးအများစုဟာဒရိုင်ဘာနဲ့ခေါင်းလောင်းကြိုး၊ဝီစီမှတဆင့်ဆက်သွယ်ကြတယ်။
အမျိုးသမီးစပယ်ယာများဟာယောကျ်ားစပယ်ယာထက်စာရင်ပိုပြီးကူညီလိုစိတ်ရှိတယ်၊ကြင်နာတတ်တယ်၊
ခရီးသည်ကိုပိုဖေးဖေးမမရှိတယ်။အိန္ဒိယဘတ်စ်ကားလိုင်းမှာအမျိုးသမီးစပယ်ယာပိုအသုံးပြုတယ်။
အရင်ခေတ်မြန်မာဘတ်စ်ကားလိုင်းများမှာခေါင်းလောင်းကြိုးရှိတယ်။ခေါင်းလောင်းကဒရိုင်ဘာနားမှာချိတ်ထားတယ်။
လက်ဆော့ပြီးခေါင်းလောင်းကြိုးမဆွဲနဲ့၊ဒရိုင်ဘာကနောက်ကြည့်မှန်ကနေကြည့်နေတာ။
အိန္ဒိယနာမည်ကြီးတမေးလ်ရုပ်ရှင်မင်းသား Rajinikanth ဘတ်စ်ကားစပယ်ယာသရုပ်ဆောင်ထားတဲ့နာမည်ကျော်ဘောလီးဝုဒ်ရုပ်ရှင်ကားရှိခဲ့ဖူးတယ်။
သူစပယ်ယာသရုပ်ဆောင်တာပီပြင်လို့ရုပ်ရှင်ထူးချွန်ဆုအများကြီးရခဲ့တယ်။
မြန်မာနာမည်ကြီးမင်းသားတွေရုပ်ရှင်အစအဆုံးဘတ်စ်ကားစပယ်ယာသရုပ်ဆောင်တဲ့ကားရှိတယ်မကြားမိဘူး။
ကာရိုက်တာအကုန်သရုပ်ဆောင်တဲ့မင်းသားကြီးကျော်ဟိန်းတောင်ဘတ်စ်ကားစပယ်ယာသရုပ်ဆောင်တာမကြားမိဘူး။
ရန်ကုန်ဘတ်စ်ကားပြေးဆွဲမှုမှာထင်ရှားတဲ့ပြောင်းလဲမှုတခုသတိထားမိတယ်။
မဆလ၊နအဖစစ်အာဏာရှင်ခေတ်ဩဇာကြီးမော်တော်ယာဉ်လိုင်းပေါင်းစုံထိမ်းသိမ်းရေး(မထသ) လက်အောက်ခံဘတ်စ်ကားလိုင်းပေါင်းစုံဟာရန်ကုန်မြို့လယ်ကောင်ဆူးလေဘုရားကိုဘုံထားပြီးသူ့ထက်ငါဘုရားပတ်အပြိုင်မောင်းခဲ့ကြတယ်။
၂၀၁၅-၁၆ NLD အစိုးရလက်ထက် YBS ဘတ်စ်ကားအသစ်ပေါ်လာပြီးမြို့လယ်ဆူးလေဘုရားဗဟိုပြုအပြိုင်မောင်းစနစ်ပပျောက်သွားတယ်။
ခေတ်အဆက်ဆက်အော့ကြောလန်စပယ်ယာအုပ်စုလည်းချုပ်ငြိမ်းသွားခဲ့ရတယ်။
မဆလခေတ် ကလသဖ (ကုန်းလမ်းသယ်ယူပို့ဆောင်ရေးအဖွဲ့/ RTC ) လက်အောက်ခံဟီးနိူးဘတ်စ်ကားလိုင်းမှအမျိုးသမီးစပယ်ယာများ။
မူရင်း ဆရာလွင်ဦး(ရန်ကင်း) ထံမှ လေးစားစွာ ပြန်လည်မျှဝေပါသည်။
Crd
Zawgyi
တခ်ိန္က ျမန္မာ့ဘတ္စ္ကားေလာကမွာ တေခတ္တေနရာ ပါဝင္ခဲ့ၾကတဲ့ အမ်ိဳးသမီး စပယ္ယာ…
၁၉၇၀ ေလာက္ကအမ်ိဳးသမီးစပယ္ယာကိုမွီလိုက္တယ္။ကိုယ္တိုင္ဘတ္စ္မစီးတတ္ေသးဘူး။
လူႀကီးနဲ႔လိုက္သြားရင္းအမ်ိဳးသမီးစပယ္ယာကိုမွတ္မိေနတာ။ေတာင္ဥကၠလာ – ဆူးေလဆြဲတဲ့ဟီးႏိူး (Hino BT) မွာအမ်ိဳးသမီးစပယ္ယာပါတယ္။
အေပၚဘေလာက္စ္အက်ႌအျဖဴ၊အျပာရင့္ေရာင္ထမိန္တိုတိုဝတ္ထားၾကတယ္။ခါးမွာကားလက္မွတ္ထည့္တဲ့သားရည္ခါးပတ္ႀကီးပတ္ထားၿပီးရႈးဖိနပ္နဲ႔။လက္မွတ္တန္ဘိုးအမ်ိဳးမ်ိဳးရွိၿပီးတန္ဘိုးအျပင္လက္မွတ္အေရာင္နဲ႔ခြဲထားတယ္။
အဲ့ဒီတုံးကဘတ္စ္ကားေပၚမွတ္တတ္ရပ္စီးသူမရွိသေလာက္ပဲ။ပါစင္ဂ်ာ (ခရီးသည္) တိုင္းအျပာေရာင္သားေရထိုင္ခုံကိုယ္စီနဲ႔စမတ္က်က်။ညဆိုကားေပၚမီးထြန္းထားလို႔ထိန္လင္းေနတယ္။
ဟီႏိုးဘတ္စ္လာေနတာဟိုးအေဝးကလွမ္းျမင္ရတယ္။ခန႔္မွန္း ၁၉၇၅-၈၀ မွာရန္ကုန္ဘတ္စ္ကားစနစ္ပ်က္စီးသြားၿပီး ယဥ္ေက်းသိမ္ေမြ႕တဲ့အမ်ိဳးသမီးစပယ္ယာအစား ေယာက်ာ္းေလးဖိုက္တာစပယ္ယာအုပ္စုေပၚလာတယ္။
၁၆၆၂ ခုႏွစ္ျပင္သစ္မွာအမ်ားျပည္သူသုံးယာဥ္(ဘတ္စ္ကား၊ျမည္းလွည္း)စနစ္ေပၚေပါက္လာခဲ့တယ္။
၁၉၁၅ ခုႏွစ္လန္ဒန္အမွတ္ (၃၇) ဘတ္စ္ကားလိုင္းမွာ Mrs.G.Duncan ဟာကမာၻ႔ပထမဆုံးအမ်ိဳးသမီးစပယ္ယာအျဖစ္အလုပ္ဝင္ခဲ့တယ္။
၁၉၇၀-၈၀ အတြင္းဥေရာပႏိုင္ငံဘတ္စ္ကားလိုင္းမ်ားမွာစပယ္ယာပါတာပုံမွန္ျဖစ္ေနပၿပီ။
ႏွစ္ထပ္ဘတ္စ္ကားႀကီးမွာစပယ္ယာပါမွခရီးသည္ဝန္ေဆာင္မႈပိုလြယ္ကူအဆင္ေျပေစမွာပါ။
တ႐ုတ္မွာဘတ္စ္ကားလိုင္းစပယ္ယာရွိၾကေပမယ့္ပိုက္ဆံေကာက္ဖို႔မဟုတ္ဘူး၊ခရီးသည္ကိုလိုအပ္တာကူညီေဆာင္႐ြက္ေပးႏိုင္ဖို႔ဘတ္စ္ေပၚလိုက္လာၾကတာပါ။
အိႏၵိယ၊ပါကစၥတန္၊ဘဂၤလားေဒ့ခ်္ႏိုင္ငံဘတ္စ္ကားလိုင္မ်ားမွာစပယ္ယာပါၾကၿပီးအမ်ားစုဟာဒ႐ိုင္ဘာနဲ႔ေခါင္းေလာင္းႀကိဳး၊ဝီစီမွတဆင့္ဆက္သြယ္ၾကတယ္။
အမ်ိဳးသမီးစပယ္ယာမ်ားဟာေယာက်္ားစပယ္ယာထက္စာရင္ပိုၿပီးကူညီလိုစိတ္ရွိတယ္၊ၾကင္နာတတ္တယ္၊
ခရီးသည္ကိုပိုေဖးေဖးမမရွိတယ္။အိႏၵိယဘတ္စ္ကားလိုင္းမွာအမ်ိဳးသမီးစပယ္ယာပိုအသုံးျပဳတယ္။
အရင္ေခတ္ျမန္မာဘတ္စ္ကားလိုင္းမ်ားမွာေခါင္းေလာင္းႀကိဳးရွိတယ္။ေခါင္းေလာင္းကဒ႐ိုင္ဘာနားမွာခ်ိတ္ထားတယ္။
လက္ေဆာ့ၿပီးေခါင္းေလာင္းႀကိဳးမဆြဲနဲ႔၊ဒ႐ိုင္ဘာကေနာက္ၾကည့္မွန္ကေနၾကည့္ေနတာ။
အိႏၵိယနာမည္ႀကီးတေမးလ္႐ုပ္ရွင္မင္းသား Rajinikanth ဘတ္စ္ကားစပယ္ယာသ႐ုပ္ေဆာင္ထားတဲ့နာမည္ေက်ာ္ေဘာလီးဝုဒ္႐ုပ္ရွင္ကားရွိခဲ့ဖူးတယ္။
သူစပယ္ယာသ႐ုပ္ေဆာင္တာပီျပင္လို႔႐ုပ္ရွင္ထူးခြၽန္ဆုအမ်ားႀကီးရခဲ့တယ္။
ျမန္မာနာမည္ႀကီးမင္းသားေတြ႐ုပ္ရွင္အစအဆုံးဘတ္စ္ကားစပယ္ယာသ႐ုပ္ေဆာင္တဲ့ကားရွိတယ္မၾကားမိဘူး။
ကာ႐ိုက္တာအကုန္သ႐ုပ္ေဆာင္တဲ့မင္းသားႀကီးေက်ာ္ဟိန္းေတာင္ဘတ္စ္ကားစပယ္ယာသ႐ုပ္ေဆာင္တာမၾကားမိဘူး။
ရန္ကုန္ဘတ္စ္ကားေျပးဆြဲမႈမွာထင္ရွားတဲ့ေျပာင္းလဲမႈတခုသတိထားမိတယ္။
မဆလ၊နအဖစစ္အာဏာရွင္ေခတ္ဩဇာႀကီးေမာ္ေတာ္ယာဥ္လိုင္းေပါင္းစုံထိမ္းသိမ္းေရး(မထသ) လက္ေအာက္ခံဘတ္စ္ကားလိုင္းေပါင္းစုံဟာရန္ကုန္ၿမိဳ႕လယ္ေကာင္ဆူးေလဘုရားကိုဘုံထားၿပီးသူ႔ထက္ငါဘုရားပတ္အၿပိဳင္ေမာင္းခဲ့ၾကတယ္။
၂၀၁၅-၁၆ NLD အစိုးရလက္ထက္ YBS ဘတ္စ္ကားအသစ္ေပၚလာၿပီးၿမိဳ႕လယ္ဆူးေလဘုရားဗဟိုျပဳအၿပိဳင္ေမာင္းစနစ္ပေပ်ာက္သြားတယ္။
ေခတ္အဆက္ဆက္ေအာ့ေၾကာလန္စပယ္ယာအုပ္စုလည္းခ်ဳပ္ၿငိမ္းသြားခဲ့ရတယ္။
မဆလေခတ္ ကလသဖ (ကုန္းလမ္းသယ္ယူပို႔ေဆာင္ေရးအဖြဲ႕/ RTC ) လက္ေအာက္ခံဟီးႏိူးဘတ္စ္ကားလိုင္းမွအမ်ိဳးသမီးစပယ္ယာမ်ား။
မူရင္း ဆရာလြင္ဦး(ရန္ကင္း) ထံမွ ေလးစားစြာ ျပန္လည္မွ်ေဝပါသည္။
Crd