Unicode
နာမည်ကျော် မျက်လှည့်ပညာရှင်တွေရဲ့ ပြကွက်တွေဆိုတာမျိုးက တစ်ခါတစ်ရံကြရင် မယုံကြည်နိုင်စရာကောင်းလောက်အောင်ပဲ တကယ့်ကို ရင်သပ်ရှုမောဖွယ်ကောင်းလှပါတယ်။ ဒါပေမယ့်လည်း ဒီပြကွက်တွေရဲ့ နောက်ကွယ်ကလျို့ဝှက်ချက်တွေကို သိခဲ့ရင်တော့ သင့်အနေနဲ့ အံ့သြတော့မှာ မဟုတ်တော့ဘူးလို့ထင်ပါတယ်။
ဒါကြောင့် ဒီလိုအံ့အားသင့်ဖွယ်ကောင်းတဲ့ မျက်လှည့်၊ မှော် ပြကွက်တွေရဲ့ နောက်ကွယ်က ရိုးရှင်းလှတဲ့ လှည့်စားချက်လေးတွေကို တစ်ဆင့်ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။
၁။ မှော်အစွမ်းနဲ့ လေပေါ်မှာ မြောနေတဲ့ ပြကွက်
ဒါကတော့ မျက်လှည့်ပြကွက်ဆိုတာထက် မှော်စွမ်းအင်၊ ကျင့်စဉ်တွေနဲ့ ဆက်နွယ်နေမယ်လို့ ရုတ်တရက်ကြည့် ထင်ချင်စရာပါ။ ဒါပေမယ့် လျှို့ဝှက်ချက်ကို သိသွားမယ်ဆိုရင်တော့ ဒါဟာ သိပ်ပြီးထူးဆန်းတော့မယ်လို့ မထင်ပါဘူး။ ဒီပြကွက်မှာ ဘာမှော်ပညာ ဘာကျင့်စဉ်တစ်ခုမှ မပါဝင်အောင်ရိုးရှင်းလှပါတယ်။
ဒီပြကွက်ဟာ အထူးပြုလုပ်ထားတဲ့ စတီးဖရိန်ပေါ်မှာ အေးအေးဆေးဆေးတက်ပြီး ထိုင်ကာသရုပ်ဆောင်နေခြင်းသာဖြစ်ပါ တယ်။ ပုံကိုကြည့်လိုက်ရင်တော့ ရှင်းပြနေစရာမလိုလောက်အောင်ကို လွယ်ကူတယ်ဆိုတာ သင်သဘောပေါက်မှာပါ။
၂။ (၁) ဒေါ်လာကနေ ဒေါ်လာ (၁၀၀) ဖြစ်အောင် လုပ်တဲ့ ပြကွက်
(၁) ဒေါ်လာတန် ငွေစက္ကူကနေ ဒေါ်လာ (၁၀၀) တန်ငွေစက္ကူဖြစ်အောင် လုပ်ပြတဲ့ ပြကွက်ကလည်း အတော်လေးကို စိတ်ဝင်စားဖွယ်ကောင်းပြီး ရေပန်းစားလှပါတယ်။ ဘယ်လိုလုပ်သလဲဆိုတာကော မသိချင်ကြဘူးလား ? လွယ်ပါတယ်။
မျက်လှည့်ပြတဲ့ သူက (၁) ဒေါ်လာတန်ငွေစက္ကူကို ခေါက်လိုက်ပြီး သူ့ရဲ့လက်ထဲမှာ လျင်မြန်စွာဖွက်လိုက်ပါတယ်။ အဲ့ဒီနောက်မှာတော့
သူ့မှာအသင့်ပါလာတဲ့ ဒေါ်လာ (၁၀၀) တန်ငွေစက္ကူနဲ့ လဲလှယ်လိုက်တာဖြစ်ပါတယ်။ ကြိမ်ဖန်များစွာလေ့ကျင့်ထားရင် ဟာကွက်မရှိဘဲ ကြည့်ရှုသူကို ကျွမ်းကျင်စွာ လှည့်စားနိုင်မည့်ပြကွက်ဖြစ်ပါတယ်။
၃။ ရေပေါ်မှာ လမ်းလျှောက်ပြတဲ့ ပြကွက်
ရေပေါ်မှာ ကိုယ်ဖော့ပြီး လမ်းလျောက်နိုင်၊ ပြေးလွှားနိုင်တဲ့ ပညာရှင်တွေတော့ ကမ္ဘာပေါ်မှာ တကယ်ရှိပါတယ်။ ဥပမာ ကိုယ်ဖော့သိုင်းထူးချွန်တဲ့
ရှောင်လင်ကိုယ်တော်တွေလိုပေါ့။ ဒါပေမယ့် တစ်ချိ့မျက်လှည့်ပညာရှင်တွေ ရေပေါ်လမ်းလျောက်ပြတာကတော့ ဒီလိုမဟုတ်ဘဲ ကြိုတင်စီမံထားတဲ့ အရာတွေကို အသုံးပြုပြီး မှင်ကောင်းကောင်းနဲ့ သရုပ်ဆောင်ပြကာ ပိပိရိရိ လှည့်စားတာမျိုးသာဖြစ်ပါတယ်။
ကြည်လင်မှု မရှိတဲ့မြစ်ရေ ဒါမှမဟုတ် ရေကူးကန်လို ရေပြင်ပေါ်မှာ လမ်းလျောက်ပြတဲ့ ပြကွက်မှာတော့ အောက်မှာအသင့်ခံထားတဲ့
မှန် ဒါမှမဟုတ် ပလတ်စတစ် လျောက်လမ်းပေါ်မှာ လမ်းလျောက်ပြသွားတာဖြစ်ပါတယ်။ ဒီလိုအရာတွေကိုတော့ ပြကွက်မပြသခင် ကြိုတင်စီမံထားတာဖြစ်ပါတယ်။
၄။ လက်မှတ်ထိုးထားတဲ့ ဖဲချပ်ကို ဖြဲပြတဲ့ ပြကွက်
မျက်လှည့်ပညာရှင်တစ်ဦးက ပရိသတ်ထဲကတစ်စုံတစ်ယောက်ကို ခေါ်ယူပြီး သူကိုင်ထားတဲ့ဖဲထုပ်ထဲကနေ အဆိုပါပရိသတ်စိတ်ကြိုက်
ဖဲတစ်ချပ်ကို သူမမြင်အောင် ယူစေပြီး ဖဲချပ်ရဲ့ အပွင့်နဲ့သင်္ကေတကို မှတ်ခိုင်းလိုက်ပါတယ်။ တစ်ခါတစ်ရံ ပိုမိုသေချာအောင်လို့ ဖဲချပ်ပေါ်မှာ အဆိုပါပရိသတ်ကို လက်မှတ်ပါထိုးတာလိုမျိုး သင်္ကေတတစ်ခုခုပါလုပ်ခိုင်းစေပါသေးတယ်။
ပြီးရင်တော့ အဆိုပါ ပရိသတ်မှတ်သားထားတဲ့ ဖဲချပ်ကို ခေါက်ချိုးလိုက်ပြီဒ အစိတ်စိတ်အမွှာမွှာဖြစ်အောင် စုတ်ဖြဲပစ်လိုက်မယ် ပြီးတဲ့အခါ
အဲ့ဒီပရိသတ်မှတ်သားထားတဲ့ လက်မှတ်ပါရှိတဲ့ ဖဲချပ်ကိုပဲတစ်ဖန် အကောင်းပကတိအတိုင်း ပြန်လည်ပြသပြီး အံ့အားသင့်စေမယ်။ ဒါကို သူ့အနေနဲ့ ဘယ်လိုလုပ်လိုက်တာလဲဆိုတဲ့ လျှို့ဝှက်ချက်ကတော့ အတော်ရိုးရှင်းလှပါတယ်။
သူက ပရိသတ်မှတ်သားထားတဲ့ ဖဲချပ်ကိုခေါက်ချိုးပြီးတာနဲ့ သူ့ရဲ့အကျီလက်ထဲမှာ အသင့်ခေါက်ပြီး ဝှက်ထားတဲ့ ဖဲချပ်နဲ့ အလျင်အမြန်လဲကာ
အစားထိုးလိုက်တဲ့ ဖဲချပ်ကိုသာ စုတ်ဖြဲပြလိုက်တာဖြစ်ပါတယ်။ နောက်မှသာ ပရိသတ်ရဲ့ လက်မှတ်ပါတဲ့ ဖဲချပ်ကို ဝှက်ထားရာကနေ ပြန်လည်ပြသလိုက်တာဖြစ်ပါတယ်။
၅။ ဓားကို မျိုချတဲ့ ပြကွက်
ဓားကိုမျိုချပြတဲ့ ပြကွက်ကလည်း ကြည့်ရှုတဲ့သူတွေအဖို့ အသည်းယားစရာကောင်းလှသလို ပြသသူအတွက်လည်း အလွန်အန္တရာယ်များလှပါတယ်။ ဒီပြကွက်ကိုပြသဖို့အတွက် အချို့ဖျော်ဖြေသူတွေဟာ နှစ်ပေါင်းများစွာ အချိန်ပေးပြီး သင်ယူလေ့ကျင့်ရပါတယ်။
ဒါပေမယ့်လည်း တစ်ချို့သူတွေကတော့ ဓားကိုအလွယ်တကူပဲ မျိုချပြပြီး အားလုံးကိုအံ့အားသင့်စေခဲ့ပါတယ်။ ဘာကြောင့်သူတို့ ဒီလိုအလွယ်တကူ
ဓားကိုမျိုချ ပြနိုင်တာလဲ ? ဒီပြကွက်က လွယ်ကူတယ်လို့ဆိုနိုင်ပေမယ့် ရုပ်ပိုင်းဆိုင်ရာ နဲ့ စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်မှုများစွာ ပြုလုပ်ထားဖို့တော့ လိုအပ်ပါတယ်။
ကျွမ်းကျင်စွာပြသနိုင်သူတွေရဲ့ လျို့ဝှက်ချက်ကတော့ ဓားမျိုချမယ့် အစာအိမ်လမ်းကြောင်းကို (၉၀) ဒီဂရီ တစ်ဖြောင့်တည်းဖြစ်အောင် ဦးခေါင်းနဲ့ လည်ပင်းကို အထက်ကိုမော့ပြီးဆန့်တန်းထားတာဖြစ်တယ်လို့ သိရပါတယ်။
အခုဖော်ပြခဲ့တာကတော့ နာမည်ကျော်လူကြိုက်များတဲ့ အံ့အားသင့်စရာမျက်လှည့်ပြကွက်တွေရဲ့ နောက်ကွယ်က လျှို့ဝှက်ချက်တွေပဲဖြစ်ပါတယ်။
ဒီလို လျို့ဝှက်ချက်တွေကို သိရှိရလို့ ဒီပြကွက်တွေက လွယ်ကူတယ်ဆိုပြီး မိမိအိမ်မှာ မစမ်းသပ်ကြည့်ကြဖို့တော့ အထူးသတိပေးပါရစေနော်
Crd
Zawgyi
နာမည္ေက်ာ္ မ်က္လွည့္ပညာရွင္ေတြရဲ႕ ျပကြက္ေတြဆိုတာမ်ိဳးက တစ္ခါတစ္ရံၾကရင္ မယုံၾကည္ႏိုင္စရာေကာင္းေလာက္ေအာင္ပဲ တကယ့္ကို ရင္သပ္ရႈေမာဖြယ္ေကာင္းလွပါတယ္။ ဒါေပမယ့္လည္း ဒီျပကြက္ေတြရဲ႕ ေနာက္ကြယ္ကလ်ိဳ႕ဝွက္ခ်က္ေတြကို သိခဲ့ရင္ေတာ့ သင့္အေနနဲ႔ အံ့ၾသေတာ့မွာ မဟုတ္ေတာ့ဘူးလို႔ထင္ပါတယ္။
ဒါေၾကာင့္ ဒီလိုအံ့အားသင့္ဖြယ္ေကာင္းတဲ့ မ်က္လွည့္၊ ေမွာ္ ျပကြက္ေတြရဲ႕ ေနာက္ကြယ္က ႐ိုးရွင္းလွတဲ့ လွည့္စားခ်က္ေလးေတြကို တစ္ဆင့္ျပန္လည္ေဖာ္ျပေပးလိုက္ရပါတယ္။
၁။ ေမွာ္အစြမ္းနဲ႔ ေလေပၚမွာ ေျမာေနတဲ့ ျပကြက္
ဒါကေတာ့ မ်က္လွည့္ျပကြက္ဆိုတာထက္ ေမွာ္စြမ္းအင္၊ က်င့္စဥ္ေတြနဲ႔ ဆက္ႏြယ္ေနမယ္လို႔ ႐ုတ္တရက္ၾကည့္ ထင္ခ်င္စရာပါ။ ဒါေပမယ့္ လွ်ိဳ႕ဝွက္ခ်က္ကို သိသြားမယ္ဆိုရင္ေတာ့ ဒါဟာ သိပ္ၿပီးထူးဆန္းေတာ့မယ္လို႔ မထင္ပါဘူး။ ဒီျပကြက္မွာ ဘာေမွာ္ပညာ ဘာက်င့္စဥ္တစ္ခုမွ မပါဝင္ေအာင္႐ိုးရွင္းလွပါတယ္။
ဒီျပကြက္ဟာ အထူးျပဳလုပ္ထားတဲ့ စတီးဖရိန္ေပၚမွာ ေအးေအးေဆးေဆးတက္ၿပီး ထိုင္ကာသ႐ုပ္ေဆာင္ေနျခင္းသာျဖစ္ပါ တယ္။ ပုံကိုၾကည့္လိုက္ရင္ေတာ့ ရွင္းျပေနစရာမလိုေလာက္ေအာင္ကို လြယ္ကူတယ္ဆိုတာ သင္သေဘာေပါက္မွာပါ။
၂။ (၁) ေဒၚလာကေန ေဒၚလာ (၁၀၀) ျဖစ္ေအာင္ လုပ္တဲ့ ျပကြက္
(၁) ေဒၚလာတန္ ေငြစကၠဴကေန ေဒၚလာ (၁၀၀) တန္ေငြစကၠဴျဖစ္ေအာင္ လုပ္ျပတဲ့ ျပကြက္ကလည္း အေတာ္ေလးကို စိတ္ဝင္စားဖြယ္ေကာင္းၿပီး ေရပန္းစားလွပါတယ္။ ဘယ္လိုလုပ္သလဲဆိုတာေကာ မသိခ်င္ၾကဘူးလား ? လြယ္ပါတယ္။
မ်က္လွည့္ျပတဲ့ သူက (၁) ေဒၚလာတန္ေငြစကၠဴကို ေခါက္လိုက္ၿပီး သူ႔ရဲ႕လက္ထဲမွာ လ်င္ျမန္စြာဖြက္လိုက္ပါတယ္။ အဲ့ဒီေနာက္မွာေတာ့
သူ႔မွာအသင့္ပါလာတဲ့ ေဒၚလာ (၁၀၀) တန္ေငြစကၠဴနဲ႔ လဲလွယ္လိုက္တာျဖစ္ပါတယ္။ ႀကိမ္ဖန္မ်ားစြာေလ့က်င့္ထားရင္ ဟာကြက္မရွိဘဲ ၾကည့္ရႈသူကို ကြၽမ္းက်င္စြာ လွည့္စားႏိုင္မည့္ျပကြက္ျဖစ္ပါတယ္။
၃။ ေရေပၚမွာ လမ္းေလွ်ာက္ျပတဲ့ ျပကြက္
ေရေပၚမွာ ကိုယ္ေဖာ့ၿပီး လမ္းေလ်ာက္ႏိုင္၊ ေျပးလႊားႏိုင္တဲ့ ပညာရွင္ေတြေတာ့ ကမာၻေပၚမွာ တကယ္ရွိပါတယ္။ ဥပမာ ကိုယ္ေဖာ့သိုင္းထူးခြၽန္တဲ့
ေရွာင္လင္ကိုယ္ေတာ္ေတြလိုေပါ့။ ဒါေပမယ့္ တစ္ခ်ိ႕မ်က္လွည့္ပညာရွင္ေတြ ေရေပၚလမ္းေလ်ာက္ျပတာကေတာ့ ဒီလိုမဟုတ္ဘဲ ႀကိဳတင္စီမံထားတဲ့ အရာေတြကို အသုံးျပဳၿပီး မွင္ေကာင္းေကာင္းနဲ႔ သ႐ုပ္ေဆာင္ျပကာ ပိပိရိရိ လွည့္စားတာမ်ိဳးသာျဖစ္ပါတယ္။
ၾကည္လင္မႈ မရွိတဲ့ျမစ္ေရ ဒါမွမဟုတ္ ေရကူးကန္လို ေရျပင္ေပၚမွာ လမ္းေလ်ာက္ျပတဲ့ ျပကြက္မွာေတာ့ ေအာက္မွာအသင့္ခံထားတဲ့
မွန္ ဒါမွမဟုတ္ ပလတ္စတစ္ ေလ်ာက္လမ္းေပၚမွာ လမ္းေလ်ာက္ျပသြားတာျဖစ္ပါတယ္။ ဒီလိုအရာေတြကိုေတာ့ ျပကြက္မျပသခင္ ႀကိဳတင္စီမံထားတာျဖစ္ပါတယ္။
၄။ လက္မွတ္ထိုးထားတဲ့ ဖဲခ်ပ္ကို ၿဖဲျပတဲ့ ျပကြက္
မ်က္လွည့္ပညာရွင္တစ္ဦးက ပရိသတ္ထဲကတစ္စုံတစ္ေယာက္ကို ေခၚယူၿပီး သူကိုင္ထားတဲ့ဖဲထုပ္ထဲကေန အဆိုပါပရိသတ္စိတ္ႀကိဳက္
ဖဲတစ္ခ်ပ္ကို သူမျမင္ေအာင္ ယူေစၿပီး ဖဲခ်ပ္ရဲ႕ အပြင့္နဲ႔သေကၤတကို မွတ္ခိုင္းလိုက္ပါတယ္။ တစ္ခါတစ္ရံ ပိုမိုေသခ်ာေအာင္လို႔ ဖဲခ်ပ္ေပၚမွာ အဆိုပါပရိသတ္ကို လက္မွတ္ပါထိုးတာလိုမ်ိဳး သေကၤတတစ္ခုခုပါလုပ္ခိုင္းေစပါေသးတယ္။
ၿပီးရင္ေတာ့ အဆိုပါ ပရိသတ္မွတ္သားထားတဲ့ ဖဲခ်ပ္ကို ေခါက္ခ်ိဳးလိုက္ၿပီဒ အစိတ္စိတ္အမႊာမႊာျဖစ္ေအာင္ စုတ္ၿဖဲပစ္လိုက္မယ္ ၿပီးတဲ့အခါ
အဲ့ဒီပရိသတ္မွတ္သားထားတဲ့ လက္မွတ္ပါရွိတဲ့ ဖဲခ်ပ္ကိုပဲတစ္ဖန္ အေကာင္းပကတိအတိုင္း ျပန္လည္ျပသၿပီး အံ့အားသင့္ေစမယ္။ ဒါကို သူ႔အေနနဲ႔ ဘယ္လိုလုပ္လိုက္တာလဲဆိုတဲ့ လွ်ိဳ႕ဝွက္ခ်က္ကေတာ့ အေတာ္႐ိုးရွင္းလွပါတယ္။
သူက ပရိသတ္မွတ္သားထားတဲ့ ဖဲခ်ပ္ကိုေခါက္ခ်ိဳးၿပီးတာနဲ႔ သူ႔ရဲ႕အက်ီလက္ထဲမွာ အသင့္ေခါက္ၿပီး ဝွက္ထားတဲ့ ဖဲခ်ပ္နဲ႔ အလ်င္အျမန္လဲကာ
အစားထိုးလိုက္တဲ့ ဖဲခ်ပ္ကိုသာ စုတ္ၿဖဲျပလိုက္တာျဖစ္ပါတယ္။ ေနာက္မွသာ ပရိသတ္ရဲ႕ လက္မွတ္ပါတဲ့ ဖဲခ်ပ္ကို ဝွက္ထားရာကေန ျပန္လည္ျပသလိုက္တာျဖစ္ပါတယ္။
၅။ ဓားကို မ်ိဳခ်တဲ့ ျပကြက္
ဓားကိုမ်ိဳခ်ျပတဲ့ ျပကြက္ကလည္း ၾကည့္ရႈတဲ့သူေတြအဖို႔ အသည္းယားစရာေကာင္းလွသလို ျပသသူအတြက္လည္း အလြန္အႏၲရာယ္မ်ားလွပါတယ္။ ဒီျပကြက္ကိုျပသဖို႔အတြက္ အခ်ိဳ႕ေဖ်ာ္ေျဖသူေတြဟာ ႏွစ္ေပါင္းမ်ားစြာ အခ်ိန္ေပးၿပီး သင္ယူေလ့က်င့္ရပါတယ္။
ဒါေပမယ့္လည္း တစ္ခ်ိဳ႕သူေတြကေတာ့ ဓားကိုအလြယ္တကူပဲ မ်ိဳခ်ျပၿပီး အားလုံးကိုအံ့အားသင့္ေစခဲ့ပါတယ္။ ဘာေၾကာင့္သူတို႔ ဒီလိုအလြယ္တကူ
ဓားကိုမ်ိဳခ် ျပႏိုင္တာလဲ ? ဒီျပကြက္က လြယ္ကူတယ္လို႔ဆိုႏိုင္ေပမယ့္ ႐ုပ္ပိုင္းဆိုင္ရာ နဲ႔ စိတ္ပိုင္းဆိုင္ရာ ျပင္ဆင္မႈမ်ားစြာ ျပဳလုပ္ထားဖို႔ေတာ့ လိုအပ္ပါတယ္။
ကြၽမ္းက်င္စြာျပသႏိုင္သူေတြရဲ႕ လ်ိဳ႕ဝွက္ခ်က္ကေတာ့ ဓားမ်ိဳခ်မယ့္ အစာအိမ္လမ္းေၾကာင္းကို (၉၀) ဒီဂရီ တစ္ေျဖာင့္တည္းျဖစ္ေအာင္ ဦးေခါင္းနဲ႔ လည္ပင္းကို အထက္ကိုေမာ့ၿပီးဆန႔္တန္းထားတာျဖစ္တယ္လို႔ သိရပါတယ္။
အခုေဖာ္ျပခဲ့တာကေတာ့ နာမည္ေက်ာ္လူႀကိဳက္မ်ားတဲ့ အံ့အားသင့္စရာမ်က္လွည့္ျပကြက္ေတြရဲ႕ ေနာက္ကြယ္က လွ်ိဳ႕ဝွက္ခ်က္ေတြပဲျဖစ္ပါတယ္။
ဒီလို လ်ိဳ႕ဝွက္ခ်က္ေတြကို သိရွိရလို႔ ဒီျပကြက္ေတြက လြယ္ကူတယ္ဆိုၿပီး မိမိအိမ္မွာ မစမ္းသပ္ၾကည့္ၾကဖို႔ေတာ့ အထူးသတိေပးပါရေစေနာ္
Crd