Unicode
လေဖြတ်သွားသော အိမ်မွေးကြောင်လေးကို ဆေးကုသပေးဖို့ရာ ငွေကြေးမလုံလောက်၍ အကြိုက်ဆုံးကားကို ရောင်းခဲ့သော အမျိုးသား
ဂျပန်နိုင်ငံ Osakaမြို့တွင် နေထိုင်သော အသက် ၃၂နှစ်အရွယ် အမျိုးသားတစ်ဦးသည် ကားတွေနဲ့ပက်သက်ရင်အရမ်း Crazyဖြစ်ခဲ့ပြီး တိရစ္ဆာန်လေးတွေကိုလည်း အရမ်းချစ်တတ်ကာ ကြင်နာတတ်ဆုံးသူတစ်ယောက်အဖြစ် အများ၏ချီးကျူးကိုခံခဲ့ရပြီး နာမည်ကြီးလာခဲ့သည်။
အမျိုးသားသည် တိရစ္ဆာန်ချစ်သူတစ်ယောက်ဖြစ်သည့်အလျောက် အိမ်တွင် ကြောင်လေးတစ်ကောင်ကိုမွေးထားကာ သွေးသားရင်းချာလို ပြုစုစောင့်ရှောက်ပေးခဲ့ပြီး အဖော်ပြုနေထိုင်ခဲ့သည်။
တစ်နေ့တွင် ကြောင်လေးသည် ရာသီအလိုက် ဖြစ်တတ်သော လေဖြတ်ရောဂါဝေဒနာနှင့်အတူ အခြားသော ရောဂါတွေကိုလည်း ခံစားခဲ့ရကာ ကုသပေးရန် ငွေကြေးအလုံအလောက်မရှိခဲ့ပေ။
ထို့ကြောင့် အမျိုးသားသည် သူအရမ်းကြိုက်ခဲ့တဲ့ တိုယိုတာကားကြီးကို ရောင်းချကာ အိမ်မွေးကြောင်လေးရဲ့ ရောဂါအားလုံးကို ကုသပေးခဲ့ပြီး အသက် အန္တရာယ်မှ ကယ်တင်ပေးခဲ့သည်။
Crd
Zawgyi
Crd