သားေလးရဲ႕ ေတာင္းဆိုမႈေၾကာင့္ ေပ(၂၀)အရွည္ရွိ ေနၾကာပန္းပင္ႀကီး စိုက္ေပးခဲ့တဲ့ဖခင္ (႐ုပ္သံ)

Unicode

သားလေးရဲ့ တောင်းဆိုမှုကြောင့် ပေ(၂၀)အရှည်ရှိ နေကြာပန်းပင်ကြီး စိုက်ပေးခဲ့တဲ့ဖခင် (ရုပ်သံ)

ဖခင်တစ်ယောက်ဟာ သားငယ်လေးရဲ့ တောင်းဆိုမှုကြောင့် ပေ(၂၀)အမြင့်ရှိတဲ့ နေကြာပန်းပင်ကြီး မရရအောင်စိုက်ပေးခဲ့ကြောင်း The Sun သတင်းစာရဲ့ ဖော်ပြချက်ကြောင့် သိရပါတယ်။ သားဖြစ်သူက အိမ်ထက်မြင့်တဲ့ နေကြာပန်းပင်ကြီး လိုချင်ကြောင်း ဖခင်ကို ပူဆာခဲ့တာဖြစ်ပါတယ်။ ဖခင်ဖြစ်သူရဲ့အမည်ကတော့ Douglas ဖြစ်ပါတယ်။

သူရဲ့(၄)နှစ်အရွယ်သားလေးဖြစ်တဲ့ Stellan Smith ကတော့ အခုဆိုရင် ခမ်းနားတဲ့နေကြာပန်းပင်ကြီး ပိုင်ဆိုင်ထားပြီ ဖြစ်ပါတယ်။ ဒီနေကြာပန်းပင်ကြီးဟာ Hertfordshire က သူတို့အိမ်နဲ့ ကပ်လျက်မှာတည်ရှိပါတယ်။ နေကြာပင်ကြီးဟာ အိမ်ကိုတောင် ကျော်ပြီး ရှင်သန်နေတာ ဖြစ်ပါတယ်။

ဖခင် Douglas ဟာ ဒီနေကြာပန်းပင်ကြီးကို ကိုဗစ်-၁၉ လော့ဒေါင်းတွေ စတင်ချိန်ဖြစ်တဲ့ မတ်လမှာ စတင်စိုက်ပျိုးခဲ့တာပါ။ ဒီနေကြာပင်ကြီးဟာမျိုးရိုးလိုက်တယ်လို့ ပြောလို့ရပါတယ်။ ဒီအပင်ကြီးမဖြစ်မီ မျိုးစေ့ကို John Butler အမည်ရ စိုက်ပျိုးရေးပညာရှင်ဆီက ဝယ်ခဲ့တာပါ။

John Butler ဟာ မြောက်အမေရိကမှာ အမြင့်ဆုံးနေကြာပန်းပင်ကို စိုက်ပျိုးနိုင်ခဲ့သူဖြစ်ပြီး၊ သူရဲ့နေကြာပန်းပင်ဟာ အမြင့် (၂၆)ပေနဲ့ (၈)လက်မရှိပါတယ်။အခုနေကြာပန်းပင်ကြီးဟာ John ဆီက ရတဲ့မျိုးစေ့ဖြစ်ပါတယ်။ Douglas ကတော့ သူ့အပင်ကြီး ဒီထက်ပိုကြီးလာလိမ့်မယ်လို့ မျှော်လင့်နေပါတယ်။

Douglas ဟာ ဒီအပင်ကြီး အတော်လေး မြင့်လာတော့ ငြမ်းပုံစံမျိုး ဘေးမှာကာရံထားလိုက်ပြီး၊ မကြာခဏ ရေလောင်းတာ၊ မြေဆီသြဇာကျွေးတာတွေပြုလုပ်နေပါတယ်။ သူ့အနေနဲ့ နောက်ထပ် (၆)ပေကျော်အထိ ဒီအပင်ကြီးကို ရှည်အောင်ပြုစုနိုင်တယ်ဆိုရင်တော့ … ယူကေမှာ စံချိန်တင်နိုင်မှာပါ။

လောလောဆယ်တော့ ယူကေမှာ အမြင့်ဆုံး နေကြာပင်အဖြစ် စံချိန်တင်ထားတာကတော့ Richard Hope အမည်ရ စိုက်ပျိုးရေးသမားတစ်ဦးရဲ့ နေကြာပင် ဖြစ်ပါတယ်။ Hope ရဲ့ နေကြာပင်ဟာ အမြင့်ပေ (၂၆)ပေအထိ ရှိတာကြောင့်၊ Douglas အနေနဲ့ နောက်ထပ် ပေများများ ဆက်ရှင်သန်ဖို့ ကြိုးစားရဦးမှာပါ။

Crd

Vedio

Zawgyi

သားေလးရဲ႕ ေတာင္းဆိုမႈေၾကာင့္ ေပ(၂၀)အရွည္ရွိ ေနၾကာပန္းပင္ႀကီး စိုက္ေပးခဲ့တဲ့ဖခင္ (႐ုပ္သံ)

ဖခင္တစ္ေယာက္ဟာ သားငယ္ေလးရဲ႕ ေတာင္းဆိုမႈေၾကာင့္ ေပ(၂၀)အျမင့္ရွိတဲ့ ေနၾကာပန္းပင္ႀကီး မရရေအာင္စိုက္ေပးခဲ့ေၾကာင္း The Sun သတင္းစာရဲ႕ ေဖာ္ျပခ်က္ေၾကာင့္ သိရပါတယ္။ သားျဖစ္သူက အိမ္ထက္ျမင့္တဲ့ ေနၾကာပန္းပင္ႀကီး လိုခ်င္ေၾကာင္း ဖခင္ကို ပူဆာခဲ့တာျဖစ္ပါတယ္။ ဖခင္ျဖစ္သူရဲ႕အမည္ကေတာ့ Douglas ျဖစ္ပါတယ္။

သူရဲ႕(၄)ႏွစ္အ႐ြယ္သားေလးျဖစ္တဲ့ Stellan Smith ကေတာ့ အခုဆိုရင္ ခမ္းနားတဲ့ေနၾကာပန္းပင္ႀကီး ပိုင္ဆိုင္ထားၿပီ ျဖစ္ပါတယ္။ ဒီေနၾကာပန္းပင္ႀကီးဟာ Hertfordshire က သူတို႔အိမ္နဲ႔ ကပ္လ်က္မွာတည္ရွိပါတယ္။ ေနၾကာပင္ႀကီးဟာ အိမ္ကိုေတာင္ ေက်ာ္ၿပီး ရွင္သန္ေနတာ ျဖစ္ပါတယ္။

ဖခင္ Douglas ဟာ ဒီေနၾကာပန္းပင္ႀကီးကို ကိုဗစ္-၁၉ ေလာ့ေဒါင္းေတြ စတင္ခ်ိန္ျဖစ္တဲ့ မတ္လမွာ စတင္စိုက္ပ်ိဳးခဲ့တာပါ။ ဒီေနၾကာပင္ႀကီးဟာမ်ိဳး႐ိုးလိုက္တယ္လို႔ ေျပာလို႔ရပါတယ္။ ဒီအပင္ႀကီးမျဖစ္မီ မ်ိဳးေစ့ကို John Butler အမည္ရ စိုက္ပ်ိဳးေရးပညာရွင္ဆီက ဝယ္ခဲ့တာပါ။

John Butler ဟာ ေျမာက္အေမရိကမွာ အျမင့္ဆုံးေနၾကာပန္းပင္ကို စိုက္ပ်ိဳးႏိုင္ခဲ့သူျဖစ္ၿပီး၊ သူရဲ႕ေနၾကာပန္းပင္ဟာ အျမင့္ (၂၆)ေပနဲ႔ (၈)လက္မရွိပါတယ္။အခုေနၾကာပန္းပင္ႀကီးဟာ John ဆီက ရတဲ့မ်ိဳးေစ့ျဖစ္ပါတယ္။ Douglas ကေတာ့ သူ႔အပင္ႀကီး ဒီထက္ပိုႀကီးလာလိမ့္မယ္လို႔ ေမွ်ာ္လင့္ေနပါတယ္။

Douglas ဟာ ဒီအပင္ႀကီး အေတာ္ေလး ျမင့္လာေတာ့ ျငမ္းပုံစံမ်ိဳး ေဘးမွာကာရံထားလိုက္ၿပီး၊ မၾကာခဏ ေရေလာင္းတာ၊ ေျမဆီၾသဇာေကြၽးတာေတြျပဳလုပ္ေနပါတယ္။ သူ႔အေနနဲ႔ ေနာက္ထပ္ (၆)ေပေက်ာ္အထိ ဒီအပင္ႀကီးကို ရွည္ေအာင္ျပဳစုႏိုင္တယ္ဆိုရင္ေတာ့ … ယူေကမွာ စံခ်ိန္တင္ႏိုင္မွာပါ။

ေလာေလာဆယ္ေတာ့ ယူေကမွာ အျမင့္ဆုံး ေနၾကာပင္အျဖစ္ စံခ်ိန္တင္ထားတာကေတာ့ Richard Hope အမည္ရ စိုက္ပ်ိဳးေရးသမားတစ္ဦးရဲ႕ ေနၾကာပင္ ျဖစ္ပါတယ္။ Hope ရဲ႕ ေနၾကာပင္ဟာ အျမင့္ေပ (၂၆)ေပအထိ ရွိတာေၾကာင့္၊ Douglas အေနနဲ႔ ေနာက္ထပ္ ေပမ်ားမ်ား ဆက္ရွင္သန္ဖို႔ ႀကိဳးစားရဦးမွာပါ။

Crd