Highway ေမာင္းတဲ့သူမ်ား သတိထားရမယ့္ အလိုလိုအိပ္ေငြ႕က်ျခင္း

Unicode

Highway မောင်းတဲ့ ညီအစ်ကိုဘော်ဒါတို့ များသောအားဖြင့် သတိမထားမိတတ်တာလေးတစ်ခုရှိပါတယ်။ အဲ့ဒါက အဝေးပြေးလမ်းပေါ်မှာ အာရုံစိုက်မောင်းနေရင်း အလိုလိုအိပ်ငွေ့ကျသွားတတ်တာပါပဲ။

ဆေးပညာအရ Road Hypnosis သို့ White Line Fever လို့ခေါ်ပါတယ်။ ခေတ်စကားနဲ့ပြောရရင် လွင့်သွားတာပေါ့ (အိပ်ပျော်သွားတာ မဟုတ်ဘူး)။ တစ်ခါတလေ မောင်းတာကြာရင် ဖြစ်ဖူးကြမှာပါ။ တစိုက်မတ်မတ်မောင်းနေတာ

၂ နာရီခွဲလောက်ကြာရင် စဖြစ်တတ်တယ်။ ညဖက် ပိုဖြစ်နိုင်ပေမဲ့ နေ့/ည မရွေးဘူး၊ လမ်းခရီး မရွေးဘူး၊ အရှေ့ကိုကြည့်ပြီး ဆက်တိုက်မောင်းနေဖို့ပဲ လိုတော့ ဦးနှောက်က ပုံမှန်အနေအထားလို့ မှတ်ယူပြီး အာရုံစိုက်နေတဲ့စိတ်ကို လွှတ်ပစ်လိုက်တာ။

နည်းနည်းထပ်ပြောပြရမယ်ဆို မောင်းနေသူဟာ မျက်လုံးပွင့်နေမယ်၊ အရှေ့ကို ကြည့်နေမယ်၊ ကားကလည်း သွားနေတုန်းပဲ၊ ဒါပေမဲ့ ဦးနှောက်က ဒီကိစ္စကို Record မလုပ်တော့ဘူး၊ မျက်လုံးကနေတဆင့် ဝင်လာတဲ့ပုံရိပ်ကို မသိမ်းတော့ဘူး၊

 

မတည်းဖြတ် မသုံးသပ်တော့ဘူး၊ တချို့ဆို ၁၅ မိနစ်လောက်ထိ ကြာတတ်တယ်။ ပြန်သတိဝင်လာရင် ခုနက အခြေအနေတွေကို လုံးဝမမှတ်မိတော့ပါဘူး။

ဘာမှမဖြစ်ခင် စိတ်ပြန်လည်လာရင် ကိစ္စမရှိပေမယ့် ပြဿနာက အရှေ့တစ်ခုခုဖြတ်သွားတာတို့၊ ကားတစ်စီးစီးရပ်ထားတာတို့ဆို ဒုက္ခများမှာပါ။ ဟိုင်းဝေးဆိုတာ များသောဖြင့် တစ်နာရီ မိုင် 90-100 နှုန်း အနည်းဆုံးမောင်းကြတာဆိုတော့

ရုတ်တရက်အသိပြန်ဝင်လာရင်တောင် ရပ်တန့်ဖို့ ဘယ်လိုမှ မလွယ်ကူပါဘူး။ အဲဒီတော့ ကားကို သုံးလေးငါးနာရီ ဆက်တိုက်မောင်းမျိုးထက်၊ နှစ်နာရီသုံးနာရီတစ်ခါ တစ်လှည့်စီမောင်းတာမျိုးက ပိုစိတ်ချရပါတယ်။

ငါးမိနစ်လောက် ခဏရပ်နားပြီး ကော်ဖီဖြစ်ဖြစ် တီးဖြစ်ဖြစ် လန်းသွားမယ့်ပုံစံ ဖြစ်တာမျိုးလေး တစ်ခုခုသောက် လမ်းလေးဘာလေး လျှောက်တာမျိုးက လုပ်ကို လုပ်သင့်ပါတယ်။ တစ်ယောက်တည်း မဖြစ်မနေ မောင်းကို‌မောင်းနေရမယ်

ဆိုရင်တော့ လွန်ခဲ့တဲ့ လေး..ငါး..ဆယ်မိနစ်က လမ်းဘေးမှာ ဘာတွေမြင်ခဲ့လည်း ပတ်ဝန်းကျင်ကို လေ့လာကြည့်ရင်း ကိုယ့်ဟာကိုယ် မကြာခဏ ပြန်ဆန်းစစ် ကြည့်နေသင့်ပါတယ် လို့ အကြံပေးပါရစေ။

အနားမယူပဲ ဆက်တိုက်သွားရင် ခရီးမြန်တာ မှန်ပေမဲ့ မိမိသာ မျက်လုံးပွင့်လျက်နဲ့ ဦးနှောက်နဲ့ အဆက်အသွယ်ပြတ်သွားရင် ကိုယ်တိုင်ရော ကားပေါ်မှာပါလာသူတွေအတွက်ပါ အသက်အန္တရာယ်ရှိတဲ့အထိ စိုးရိမ်ရပါတယ်။ ၂ နာရီတိုင်း ၅ မိနစ်လောက် အနည်းဆုံး အနားယူပါ။ ပြီးမှ လိုရာခရီးကို ဆက်သွားပါ။

Crd

Zawgyi

Highway ေမာင္းတဲ့ ညီအစ္ကိုေဘာ္ဒါတို႔ မ်ားေသာအားျဖင့္ သတိမထားမိတတ္တာေလးတစ္ခုရွိပါတယ္။ အဲ့ဒါက အေဝးေျပးလမ္းေပၚမွာ အာ႐ုံစိုက္ေမာင္းေနရင္း အလိုလိုအိပ္ေငြ႕က်သြားတတ္တာပါပဲ။

ေဆးပညာအရ Road Hypnosis သို႔ White Line Fever လို႔ေခၚပါတယ္။ ေခတ္စကားနဲ႔ေျပာရရင္ လြင့္သြားတာေပါ့ (အိပ္ေပ်ာ္သြားတာ မဟုတ္ဘူး)။ တစ္ခါတေလ ေမာင္းတာၾကာရင္ ျဖစ္ဖူးၾကမွာပါ။ တစိုက္မတ္မတ္ေမာင္းေနတာ

၂ နာရီခြဲေလာက္ၾကာရင္ စျဖစ္တတ္တယ္။ ညဖက္ ပိုျဖစ္ႏိုင္ေပမဲ့ ေန႔/ည မေ႐ြးဘူး၊ လမ္းခရီး မေ႐ြးဘူး၊ အေရွ႕ကိုၾကည့္ၿပီး ဆက္တိုက္ေမာင္းေနဖို႔ပဲ လိုေတာ့ ဦးေႏွာက္က ပုံမွန္အေနအထားလို႔ မွတ္ယူၿပီး အာ႐ုံစိုက္ေနတဲ့စိတ္ကို လႊတ္ပစ္လိုက္တာ။

နည္းနည္းထပ္ေျပာျပရမယ္ဆို ေမာင္းေနသူဟာ မ်က္လုံးပြင့္ေနမယ္၊ အေရွ႕ကို ၾကည့္ေနမယ္၊ ကားကလည္း သြားေနတုန္းပဲ၊ ဒါေပမဲ့ ဦးေႏွာက္က ဒီကိစၥကို Record မလုပ္ေတာ့ဘူး၊ မ်က္လုံးကေနတဆင့္ ဝင္လာတဲ့ပုံရိပ္ကို မသိမ္းေတာ့ဘူး၊

မတည္းျဖတ္ မသုံးသပ္ေတာ့ဘူး၊ တခ်ိဳ႕ဆို ၁၅ မိနစ္ေလာက္ထိ ၾကာတတ္တယ္။ ျပန္သတိဝင္လာရင္ ခုနက အေျခအေနေတြကို လုံးဝမမွတ္မိေတာ့ပါဘူး။

ဘာမွမျဖစ္ခင္ စိတ္ျပန္လည္လာရင္ ကိစၥမရွိေပမယ့္ ျပႆနာက အေရွ႕တစ္ခုခုျဖတ္သြားတာတို႔၊ ကားတစ္စီးစီးရပ္ထားတာတို႔ဆို ဒုကၡမ်ားမွာပါ။ ဟိုင္းေဝးဆိုတာ မ်ားေသာျဖင့္ တစ္နာရီ မိုင္ 90-100 ႏႈန္း အနည္းဆုံးေမာင္းၾကတာဆိုေတာ့

႐ုတ္တရက္အသိျပန္ဝင္လာရင္ေတာင္ ရပ္တန႔္ဖို႔ ဘယ္လိုမွ မလြယ္ကူပါဘူး။ အဲဒီေတာ့ ကားကို သုံးေလးငါးနာရီ ဆက္တိုက္ေမာင္းမ်ိဳးထက္၊ ႏွစ္နာရီသုံးနာရီတစ္ခါ တစ္လွည့္စီေမာင္းတာမ်ိဳးက ပိုစိတ္ခ်ရပါတယ္။

ငါးမိနစ္ေလာက္ ခဏရပ္နားၿပီး ေကာ္ဖီျဖစ္ျဖစ္ တီးျဖစ္ျဖစ္ လန္းသြားမယ့္ပုံစံ ျဖစ္တာမ်ိဳးေလး တစ္ခုခုေသာက္ လမ္းေလးဘာေလး ေလွ်ာက္တာမ်ိဳးက လုပ္ကို လုပ္သင့္ပါတယ္။ တစ္ေယာက္တည္း မျဖစ္မေန ေမာင္းကို‌ေမာင္းေနရမယ္

ဆိုရင္ေတာ့ လြန္ခဲ့တဲ့ ေလး..ငါး..ဆယ္မိနစ္က လမ္းေဘးမွာ ဘာေတြျမင္ခဲ့လည္း ပတ္ဝန္းက်င္ကို ေလ့လာၾကည့္ရင္း ကိုယ့္ဟာကိုယ္ မၾကာခဏ ျပန္ဆန္းစစ္ ၾကည့္ေနသင့္ပါတယ္ လို႔ အႀကံေပးပါရေစ။

အနားမယူပဲ ဆက္တိုက္သြားရင္ ခရီးျမန္တာ မွန္ေပမဲ့ မိမိသာ မ်က္လုံးပြင့္လ်က္နဲ႔ ဦးေႏွာက္နဲ႔ အဆက္အသြယ္ျပတ္သြားရင္ ကိုယ္တိုင္ေရာ ကားေပၚမွာပါလာသူေတြအတြက္ပါ အသက္အႏၲရာယ္ရွိတဲ့အထိ စိုးရိမ္ရပါတယ္။ ၂ နာရီတိုင္း ၅ မိနစ္ေလာက္ အနည္းဆုံး အနားယူပါ။ ၿပီးမွ လိုရာခရီးကို ဆက္သြားပါ။

Crd