ရန္ကုန္ ကမာ႐ြတ္ၿမိဳ႕နယ္မွာရွိတဲ့ စိတ္ဝင္စားဖြယ္ ဆင္ေရတြင္းမွတ္တိုင္ ရဲ႕ေနာက္ကြယ္အေၾကာင္းအရင္း

Unicode

ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်မြို့နယ်မှာရှိတဲ့ စိတ်ဝင်စားဖွယ် ဆင်ရေတွင်းမှတ်တိုင် အကြောင်းကို ပြောပြလိုပါတယ်။

ကမာရွတ်မြို့နယ်ဟာ ရှေးမွန်ဘုရင်များလက်ထက်အခါက ဒဂုန်မြို့နယ် လက်အောက်မှာရှိတဲ့ ကျေးရွာကြီးတစ်ရွာဖြစ်တယ်လို့ သိရပါတယ်။

ကုန်းဘောင်ခေတ်အထိ ကျေးရွာကြီးတစ်ရွာအဖြစ်ဆက်ရှိခဲ့ပြီး အင်္ဂလိပ် – မြန်မာ ပထမစစ်ပွဲကာလအတွင်းကလည်း ကမာရွတ်ခံတပ်တိုက်ပွဲ ပေါ်ပေါက်လာခဲ့ဖူးပါတယ်။

ကမာရွတ်မြို့နယ်က က္မာရတ်ဟူတဲ့ မွန်ဝေါဟာရကနေ ဆင်းသက်လာတာဖြစ်ပြီး မွန်ဘာသာအရ က္မာ – ရေလှောင်ကန် ၊ ရတ် – ရတနာ စကားလုံးနှစ်လုံးပေါင်းစပ် အဓိပ္ပါယ် ရတာနာကန်ဟု အဓိပ္ပါယ်ရကြောင်းသိရပါတယ်။

အင်းလျားကန်ကို ဆိုလိုခြင်းဖြစ်ပြီး အင်းလျားကန်နားက ရပ်ကွက်ကို ကမာရွတ်ဟုခေါ်ဆိုခြင်းဖြစ်တယ်လို့ သိရပါတယ်။

လှည်းတန်းကနေ သမိုင်းကိုသွားရင် “ဂမုန်းပွင့်” အကျော်မှာ “ဆင်ရေတွင်း” မှတ်တိုင်ဆိုတာရှိပါတယ်။

အခုကမာရွတ်မြို့နယ်ထဲက ဆင်ရေတွင်းမှတ်တိုင်ဟာလည်း လူတော်တော်များများ မသိကြသေးတဲ့ လျို့ဝှက်ချက်တစ်ခု ရှိလို့နေပါတယ်။

ဆင်ရေတွင်းမှတ်တိုင်ကနေ အတွင်းထဲကိုဝင်ပြီးဆက်သွားလိုက်ရင် လမ်းသွယ် (၂) လမ်းထဲမှာ ဆင်ရုပ်လေးနဲ့ ရေတွင်းလေးတစ်ခုရှိနေပါတယ်။

ဆင်ရုပ်ရေတွင်းကို အမှီပြုပြီး ဆင်ရေတွင်းမှတ်တိုင်လို့ ခေါ်ဝေါ်ထားတာဖြစ်တယ်လို့ လေ့လာတွေ့ရှိထားသူ လူငယ်ရဲ့ ပြောဆိုချက်အရသိရပါတယ်။

အဲ့ဒီဆင်ရုပ်နဲ့ရေတွင်းဟာ သက်တမ်း (၁၀၀)ကျော် ရှိနေပီဖြစ်ပီး ရှေးအခါက အနီးအနားက ရွာတွေဖြစ်ကြတဲ့ လက်ခုပ်ပင်ရွာ၊အင်းလျားရွာသစ်တို့က အားကိုးအားထားပြုရတဲ့ ရေတွင်းပဲဖြစ်ပါတယ်။

ဆင်ရုပ်ထုအောက်မှာ ရေတွင်းငယ်ရှိခဲ့ပီး သောက်ရေအတွက် အသုံးပြုကြကာ ဆင်ရုပ်ဘေးမှာတော့ သုံးရေအတွက် ရေတွင်းကြီးရှိပါတယ်။

ဘယ်တော့မှ ခမ်းခြောက်ခြင်းမရှိခဲ့တဲ့ ရေတွင်းကြီးဖြစ်ပါတယ်။ပါးစပ်ရာဇဝင်အရတော့ ဆင်ရုပ်ရဲ့နှာမောင်းကနေ ရေထွက်ခဲ့တယ်လို့ဆိုပါတယ်။

အဲ့လိုအမှန်တကယ်ဖြစ်ခဲ့မယ်ဆိုရင်တော့ အဲ့နေရာဟာ ရေကြောမိနေတဲ့ ရေလျှံတွင်းဖြစ်ခဲ့မယ်လို့ ယူဆမိပါတယ်

ဘယ်တော့မှမခမ်းခြောက်တဲ့ ရေတွင်းဖြစ်ပြီး ဟိုးရှေးနှစ်ပေါင်းများစွာကတည်းက အနီးနားစပ်ကရွာတွေအားထား အသုံးပြုခဲ့ကြတဲ့ ရေတွင်းဖြစ်တယ်လို့ သိရပါတယ်။

ကမာရွတ်မြို့နယ်ကလည်း အင်းလျားကန်နဲ့ စပ်ဆက်မှုရှိနေတယ်ဆိုတော့ ဒီဆင်ရေတွင်းကလည်း အောက်ခြေမှာ အင်းလျားကန်ရေကြောနဲ့ ချိတ်ဆက်မိနေတာလား ။

ဒါမှမဟုတ် အခြားရေကြော တစ်ခုခုရှိ နေတာလားဆိုတာကိုတော့ တော်တော်စိတ်ဝင်စားဖို့ကောင်းလှပါတယ်။ ။

Crd

Zawgyi

ရန္ကုန္တိုင္းေဒသႀကီး ကမာ႐ြတ္ၿမိဳ႕နယ္မွာရွိတဲ့ စိတ္ဝင္စားဖြယ္ ဆင္ေရတြင္းမွတ္တိုင္ အေၾကာင္းကို ေျပာျပလိုပါတယ္။

ကမာ႐ြတ္ၿမိဳ႕နယ္ဟာ ေရွးမြန္ဘုရင္မ်ားလက္ထက္အခါက ဒဂုန္ၿမိဳ႕နယ္ လက္ေအာက္မွာရွိတဲ့ ေက်း႐ြာႀကီးတစ္႐ြာျဖစ္တယ္လို႔ သိရပါတယ္။

ကုန္းေဘာင္ေခတ္အထိ ေက်း႐ြာႀကီးတစ္႐ြာအျဖစ္ဆက္ရွိခဲ့ၿပီး အဂၤလိပ္ – ျမန္မာ ပထမစစ္ပြဲကာလအတြင္းကလည္း ကမာ႐ြတ္ခံတပ္တိုက္ပြဲ ေပၚေပါက္လာခဲ့ဖူးပါတယ္။

ကမာ႐ြတ္ၿမိဳ႕နယ္က ကၼာရတ္ဟူတဲ့ မြန္ေဝါဟာရကေန ဆင္းသက္လာတာျဖစ္ၿပီး မြန္ဘာသာအရ ကၼာ – ေရေလွာင္ကန္ ၊ ရတ္ – ရတနာ စကားလုံးႏွစ္လုံးေပါင္းစပ္ အဓိပၸါယ္ ရတာနာကန္ဟု အဓိပၸါယ္ရေၾကာင္းသိရပါတယ္။

အင္းလ်ားကန္ကို ဆိုလိုျခင္းျဖစ္ၿပီး အင္းလ်ားကန္နားက ရပ္ကြက္ကို ကမာ႐ြတ္ဟုေခၚဆိုျခင္းျဖစ္တယ္လို႔ သိရပါတယ္။

လွည္းတန္းကေန သမိုင္းကိုသြားရင္ “ဂမုန္းပြင့္” အေက်ာ္မွာ “ဆင္ေရတြင္း” မွတ္တိုင္ဆိုတာရွိပါတယ္။

အခုကမာ႐ြတ္ၿမိဳ႕နယ္ထဲက ဆင္ေရတြင္းမွတ္တိုင္ဟာလည္း လူေတာ္ေတာ္မ်ားမ်ား မသိၾကေသးတဲ့ လ်ိဳ႕ဝွက္ခ်က္တစ္ခု ရွိလို႔ေနပါတယ္။

ဆင္ေရတြင္းမွတ္တိုင္ကေန အတြင္းထဲကိုဝင္ၿပီးဆက္သြားလိုက္ရင္ လမ္းသြယ္ (၂) လမ္းထဲမွာ ဆင္႐ုပ္ေလးနဲ႔ ေရတြင္းေလးတစ္ခုရွိေနပါတယ္။

ဆင္႐ုပ္ေရတြင္းကို အမွီျပဳၿပီး ဆင္ေရတြင္းမွတ္တိုင္လို႔ ေခၚေဝၚထားတာျဖစ္တယ္လို႔ ေလ့လာေတြ႕ရွိထားသူ လူငယ္ရဲ႕ ေျပာဆိုခ်က္အရသိရပါတယ္။

အဲ့ဒီဆင္႐ုပ္နဲ႔ေရတြင္းဟာ သက္တမ္း (၁၀၀)ေက်ာ္ ရွိေနပီျဖစ္ပီး ေရွးအခါက အနီးအနားက ႐ြာေတြျဖစ္ၾကတဲ့ လက္ခုပ္ပင္႐ြာ၊အင္းလ်ား႐ြာသစ္တို႔က အားကိုးအားထားျပဳရတဲ့ ေရတြင္းပဲျဖစ္ပါတယ္။

ဆင္႐ုပ္ထုေအာက္မွာ ေရတြင္းငယ္ရွိခဲ့ပီး ေသာက္ေရအတြက္ အသုံးျပဳၾကကာ ဆင္႐ုပ္ေဘးမွာေတာ့ သုံးေရအတြက္ ေရတြင္းႀကီးရွိပါတယ္။

ဘယ္ေတာ့မွ ခမ္းေျခာက္ျခင္းမရွိခဲ့တဲ့ ေရတြင္းႀကီးျဖစ္ပါတယ္။ပါးစပ္ရာဇဝင္အရေတာ့ ဆင္႐ုပ္ရဲ႕ႏွာေမာင္းကေန ေရထြက္ခဲ့တယ္လို႔ဆိုပါတယ္။

အဲ့လိုအမွန္တကယ္ျဖစ္ခဲ့မယ္ဆိုရင္ေတာ့ အဲ့ေနရာဟာ ေရေၾကာမိေနတဲ့ ေရလွ်ံတြင္းျဖစ္ခဲ့မယ္လို႔ ယူဆမိပါတယ္

ဘယ္ေတာ့မွမခမ္းေျခာက္တဲ့ ေရတြင္းျဖစ္ၿပီး ဟိုးေရွးႏွစ္ေပါင္းမ်ားစြာကတည္းက အနီးနားစပ္က႐ြာေတြအားထား အသုံးျပဳခဲ့ၾကတဲ့ ေရတြင္းျဖစ္တယ္လို႔ သိရပါတယ္။

ကမာ႐ြတ္ၿမိဳ႕နယ္ကလည္း အင္းလ်ားကန္နဲ႔ စပ္ဆက္မႈရွိေနတယ္ဆိုေတာ့ ဒီဆင္ေရတြင္းကလည္း ေအာက္ေျခမွာ အင္းလ်ားကန္ေရေၾကာနဲ႔ ခ်ိတ္ဆက္မိေနတာလား ။

ဒါမွမဟုတ္ အျခားေရေၾကာ တစ္ခုခုရွိ ေနတာလားဆိုတာကိုေတာ့ ေတာ္ေတာ္စိတ္ဝင္စားဖို႔ေကာင္းလွပါတယ္။ ။

Crd