“ေမေမ သမီး taxi ငွားစီးလာပါျပီ ဘယ္နားေရာက္ေနျပီ” ညအခ်ိန္မေတာ္ တကၠစီ စီးတဲ့အခါ အလုံၿခဳံဆုံး ျဖစ္ေစမယ့္ နည္းလမ္း (၃)ခု

Unicode

ညသန်းခေါင်ကျော်လောက်ကြီးတစ်ယောက်တည်း အိမ်ပြန်ခဲ့ရတာတွေ ရှိခဲ့ဖူးမှာပါခရီးကနေ ပြန်လာလို့ပဲ ဖြစ်ဖြစ် သူငယ်ချင်းတွေနဲ့ အပျော်လွန်ပြီး နောက်ကျသွားတာပဲဖြစ်ဖြစ် ညအချိန်မတော် တက္ကစီနဲ့ အိမ်ပြန်ဖူးကြပါလိမ့်မယ်။

အဲဒီအချိန်ကြီးမှာ ကိုယ်ကတစ်ယောက်တည်း တက္ကစီ စီးနေရပေမယ့် ဆိုးသွမ်းတဲ့ တက္ကစီသမားတစ်ယောက်ယောက်နဲ့များ တွေ့ပြီး ပိုက်ဆံပဲအလုခံရမလား၊ ကိုယ့်ဆီမှာရှိတာတွေ ယူထားလိုက်ပြီး ကားပေါ်ကနေ ကန်ချထားခဲ့မလား ဆိုတာ စိတ်ထဲမှာ ခဏတော့ တွေးမိကြမှာပါ။

တချို့ တက္ကစီသမားတွေက လူကောင်းတွေဖြစ်ပြီး စောင့်ရှောက်တတ်သူတွေ ဖြစ်ပေမယ့် တချို့ကတော့ အခွင့်အရေး ယူသူတွေ ဖြစ်နိုင်ပါတယ် ဒီတော့ ညအချိန်မတော်ကြီး တက္ကစီ စီးဖို့ ဖြစ်လာတဲ့အခါ ဒီနည်းလမ်း (၃)ခုကိုသာ သုံးကြည့်ပါ သင်အိမ်ကို အလုံခြုံဆုံး ပြန်ရောက်သွားပါလိမ့်မယ်နော် …။

(၁) ကားထဲမှာ အခြား လူတစ်ယောက် ပါ၊မပါ အရင်ကြည့်ပါ သင်စီးမယ့် ကားထဲမှာကားမောင်းသူအပြင် အခြားတစ်ယောက် ရှိနေမယ်ဆိုရင် အဲဒီကားကို လုံးဝ မစီးတာအကောင်းဆုံးပါတကယ်လို့ လမ်းမှာ တစ်စုံတစ်ခု အမှားအယွင်း ရှိခဲ့ရင်တောင် တစ်ဦးချင်း ရင်ဆိုင်ရတာက သင့်အတွက် ပိုကောင်းမှာပါ။

ကားမောင်းသူနဲ့အတူ နောက်တစ်ယောက်အတူ ရှိနေတာမျိုးက သင့်ရဲ့ စိုးရိမ်မှုကို တစ်ချိန်လုံး တွန်းအား ပေးနေသလို ဖြစ်နေမှာမို့တစ်ဦးထက် ပိုပြီး ကားပေါ်မှာ ရှိနေခဲ့ရင်နောက်တစ်စီး ငှားလိုက်တာက အကောင်းဆုံးပါပဲ။

(၂) ကားပေါ်တက်တာနဲ့ ဖုန်းဆက်ပါ ကားပေါ် တက်လိုက်ပြီ ဆိုတာနဲ့ သင့်ရဲ့ မိသားစုဝင် တစ်ယောက်ယောက် ဒါမှမဟုတ် သင့်ရဲ့သူငယ်ချင်း တစ်ယောက်ယောက်ဆီ ဖုန်းဆက်ပြီး သင် ဘယ်နေရာကနေ ကားငှားလာပြီ ဆိုတဲ့အကြောင်း အသိပေးပါ

ဒီလို အသိပေးခြင်းက သင့်ရဲ့ အိမ်အပြန်ကိုစောင့်နေတဲ့သူတစ်ယောက် ရှိနေတယ်လို့ဖော်ပြလိုက်တာပဲ ဖြစ်ပြီး လမ်းမှာတစ်စုံတစ်ခု ဖြစ်ခဲ့ရင် ကူညီမယ့်သူတစ်ယောက် အဆင်သင့် ရှိနေတယ်လို့ ဖော်ပြလိုက်တာလည်း ဖြစ်ပါတယ်

ကားငှားပြီ ဆိုတာနဲ့ ကားနံပတ်ကို အရင်မှတ်ထားပြီး မိသားစုဆီ ဒါမှမဟုတ်သူငယ်ချင်းတွေဆီ မက်ဆေ့ချ်ပို့ဖို့ မမေ့ပါနဲ့ ဒီနည်းက သင် တစ်ခုခု ဖြစ်ခဲ့တယ်ဆိုရင်တောင် သင့်အတွက် အထောက်အကူ ဖြစ်မှာဖြစ်ပြီး ဒီကားနံပတ်က တစ်ဆင့် ပြန်လည်စုံစမ်းလို့ ရပါလိမ့်မယ်။

(၃) အငှားဝန်ဆောင်မှု ကုမ္ပဏီတွေကို သုံးပါ။ ဒီနေ့ခေတ် ရန်ကုန်မှာတော့ ကားအငှားဝန်ဆောင်မှုတွေ များလာကြပါပြီ ကိုယ်သွားချင်တဲ့ ခရီးကို App မှာ ရိုက်ထည့်လိုက်ပြီး ခလုတ် နှိပ်လိုက်ရုံနဲ့ ကားတစ်စီးကသင့်ဆီကို အဆင်သင့် ရောက်လာနိုင်တာမျိုးပါ။

ဒီတော့ ညသန်းခေါင်မှာ တစ်နေရာရာ သွားဖို့လိုလာပြီ ဖြစ်ရင် တရားဝင်ကား အငှားဝန်ဆောင်မှုတွေကို သုံးတာ အကောင်းဆုံးပါပဲ သူတို့ဆီမှာ သက်ဆိုင်ရာ ကားသမားတွေရဲ့ကိုယ်ရေး အချက်အလက်တွေကို မှတ်ပုံတင်ထားပြီးသား ဖြစ်တာမို့ သင့်အတွက်အလုံခြုံဆုံး ဖြစ်မှာပါ

Crd

Zawgyi

ညသန္းေခါင္ေက်ာ္ေလာက္ႀကီးတစ္ေယာက္တည္း အိမ္ျပန္ခဲ့ရတာေတြ ရွိခဲ့ဖူးမွာပါခရီးကေန ျပန္လာလို႔ပဲ ျဖစ္ျဖစ္ သူငယ္ခ်င္းေတြနဲ႔ အေပ်ာ္လြန္ၿပီး ေနာက္က်သြားတာပဲျဖစ္ျဖစ္ ညအခ်ိန္မေတာ္ တကၠစီနဲ႔ အိမ္ျပန္ဖူးၾကပါလိမ့္မယ္။

အဲဒီအခ်ိန္ႀကီးမွာ ကိုယ္ကတစ္ေယာက္တည္း တကၠစီ စီးေနရေပမယ့္ ဆိုးသြမ္းတဲ့ တကၠစီသမားတစ္ေယာက္ေယာက္နဲ႔မ်ား ေတြ႕ၿပီး ပိုက္ဆံပဲအလုခံရမလား၊ ကိုယ့္ဆီမွာရွိတာေတြ ယူထားလိုက္ၿပီး ကားေပၚကေန ကန္ခ်ထားခဲ့မလား ဆိုတာ စိတ္ထဲမွာ ခဏေတာ့ ေတြးမိၾကမွာပါ။

တခ်ိဳ႕ တကၠစီသမားေတြက လူေကာင္းေတြျဖစ္ၿပီး ေစာင့္ေရွာက္တတ္သူေတြ ျဖစ္ေပမယ့္ တခ်ိဳ႕ကေတာ့ အခြင့္အေရး ယူသူေတြ ျဖစ္ႏိုင္ပါတယ္ ဒီေတာ့ ညအခ်ိန္မေတာ္ႀကီး တကၠစီ စီးဖို႔ ျဖစ္လာတဲ့အခါ ဒီနည္းလမ္း (၃)ခုကိုသာ သုံးၾကည့္ပါ သင္အိမ္ကို အလုံၿခဳံဆုံး ျပန္ေရာက္သြားပါလိမ့္မယ္ေနာ္ …။

(၁) ကားထဲမွာ အျခား လူတစ္ေယာက္ ပါ၊မပါ အရင္ၾကည့္ပါ သင္စီးမယ့္ ကားထဲမွာကားေမာင္းသူအျပင္ အျခားတစ္ေယာက္ ရွိေနမယ္ဆိုရင္ အဲဒီကားကို လုံးဝ မစီးတာအေကာင္းဆုံးပါတကယ္လို႔ လမ္းမွာ တစ္စုံတစ္ခု အမွားအယြင္း ရွိခဲ့ရင္ေတာင္ တစ္ဦးခ်င္း ရင္ဆိုင္ရတာက သင့္အတြက္ ပိုေကာင္းမွာပါ။

ကားေမာင္းသူနဲ႔အတူ ေနာက္တစ္ေယာက္အတူ ရွိေနတာမ်ိဳးက သင့္ရဲ႕ စိုးရိမ္မႈကို တစ္ခ်ိန္လုံး တြန္းအား ေပးေနသလို ျဖစ္ေနမွာမို႔တစ္ဦးထက္ ပိုၿပီး ကားေပၚမွာ ရွိေနခဲ့ရင္ေနာက္တစ္စီး ငွားလိုက္တာက အေကာင္းဆုံးပါပဲ။

(၂) ကားေပၚတက္တာနဲ႔ ဖုန္းဆက္ပါ ကားေပၚ တက္လိုက္ၿပီ ဆိုတာနဲ႔ သင့္ရဲ႕ မိသားစုဝင္ တစ္ေယာက္ေယာက္ ဒါမွမဟုတ္ သင့္ရဲ႕သူငယ္ခ်င္း တစ္ေယာက္ေယာက္ဆီ ဖုန္းဆက္ၿပီး သင္ ဘယ္ေနရာကေန ကားငွားလာၿပီ ဆိုတဲ့အေၾကာင္း အသိေပးပါ

ဒီလို အသိေပးျခင္းက သင့္ရဲ႕ အိမ္အျပန္ကိုေစာင့္ေနတဲ့သူတစ္ေယာက္ ရွိေနတယ္လို႔ေဖာ္ျပလိုက္တာပဲ ျဖစ္ၿပီး လမ္းမွာတစ္စုံတစ္ခု ျဖစ္ခဲ့ရင္ ကူညီမယ့္သူတစ္ေယာက္ အဆင္သင့္ ရွိေနတယ္လို႔ ေဖာ္ျပလိုက္တာလည္း ျဖစ္ပါတယ္

ကားငွားၿပီ ဆိုတာနဲ႔ ကားနံပတ္ကို အရင္မွတ္ထားၿပီး မိသားစုဆီ ဒါမွမဟုတ္သူငယ္ခ်င္းေတြဆီ မက္ေဆ့ခ်္ပို႔ဖို႔ မေမ့ပါနဲ႔ ဒီနည္းက သင္ တစ္ခုခု ျဖစ္ခဲ့တယ္ဆိုရင္ေတာင္ သင့္အတြက္ အေထာက္အကူ ျဖစ္မွာျဖစ္ၿပီး ဒီကားနံပတ္က တစ္ဆင့္ ျပန္လည္စုံစမ္းလို႔ ရပါလိမ့္မယ္။

(၃) အငွားဝန္ေဆာင္မႈ ကုမၸဏီေတြကို သုံးပါ။ ဒီေန႔ေခတ္ ရန္ကုန္မွာေတာ့ ကားအငွားဝန္ေဆာင္မႈေတြ မ်ားလာၾကပါၿပီ ကိုယ္သြားခ်င္တဲ့ ခရီးကို App မွာ ႐ိုက္ထည့္လိုက္ၿပီး ခလုတ္ ႏွိပ္လိုက္႐ုံနဲ႔ ကားတစ္စီးကသင့္ဆီကို အဆင္သင့္ ေရာက္လာႏိုင္တာမ်ိဳးပါ။

ဒီေတာ့ ညသန္းေခါင္မွာ တစ္ေနရာရာ သြားဖို႔လိုလာၿပီ ျဖစ္ရင္ တရားဝင္ကား အငွားဝန္ေဆာင္မႈေတြကို သုံးတာ အေကာင္းဆုံးပါပဲ သူတို႔ဆီမွာ သက္ဆိုင္ရာ ကားသမားေတြရဲ႕ကိုယ္ေရး အခ်က္အလက္ေတြကို မွတ္ပုံတင္ထားၿပီးသား ျဖစ္တာမို႔ သင့္အတြက္အလုံၿခဳံဆုံး ျဖစ္မွာပါ

Crd