ငါးေျခာက္ကို အငန္ေပါ့ေအာင္ ဆီစိမ့္၀င္ေအာင္ ဘယ္လိုဖုတ္ၾကမလဲ

Unicode

ငါးခြောက်ကိုအငန်ဓာတ်နည်းအောင်အရသာရွိရွိစားသုံးနိုင်အောင်ဖုတ်နည်းငါးခြောက်ဖုတ်မယ်ဆိုရင်အရင်ဆုံးဆားရည်ထဲငါးခြောက်ကိုနာရီဝက်လောက်စိမ်ထားပါပြီးမှရေ၃ထပ်လောက်ဆေးပြီးရင်ဖုတ်လို့ရပါပြီ

ဆားရည်စိမ်ခြင်းကငါးခြောက်ရဲ့အငံဓာတ်ကိုနည်းသွားအောင်စုပ်ယူသလိုငါးခြောက်လှန်းတဲ့အခါအခုသုံးနေကြတဲ့ယင်မနားဆေးရဲ့အန္တရာယ်ကလည်းနည်းသွားပါတယ်ေ ရဇလုံလေးတစ်လုံးငါးခြောက်ထုမယ့်

စဉ့်နှီတုံးနားအသင့်ထားထားပေးပါငါးခြောက်ကိုကြွပ်ကြွပ်မကြိုက်ပဲပျော့ပျော့လေးစားချင်ရင်တော့ဆီထည့်ထားတဲ့ပန်းကန်လေးလဲအဆင်သင့်လုပ်ထားပါငါးခြောက်ကိုစပြီးဖုတ်လို့မီးအပူနဲ့တွေ့ရင်ငါးခြောက်သားလေးစပြီး

ပျော့ပျောင်းလာပါလိမ့်မယ် အဲ့ဒီအချိန်ငါးခြောက်ကိုပြန်ဆယ်ပြီးဖွဖွလေးအသားပွလာအောင်ထုပြီးမှပြန်ဖုတ်ပါငါးခြောက်ကကျက်လာပြီးတူးစပြုလာရင်အသင့်ထားထားတဲ့ရေဇလုံထဲထည့်ပြီချက်ချင်းပြန်ဆယ်ပေးပါ

မီးလေးခဏပြန်ပြပြီးဖွဖွလေးထုပါထုထားတဲ့ငါးခြောက်ကိုချက်ချင်းအပူဓာတ်မကုန်ခင်ဆီစိမ်ပါဒါဆိုရင်တော့ငါးခြောက်ပျော့ပျော့ပျောင်းပျောင်းလေးရပါပြီသက်ကြီးရွယ်အိုမိဘတွေလဲအဆင်ပြေပြေဝါးလို့ရပါတယ်

ကြွပ်တာကြိုက်ရင်တော့ထုလိုက်ဆီစိမ်လိုက်မလုပ်ပဲထုထားတဲ့ငါးခြောက်တွေကိုအေးသွားမှဆီစိမ်ပါ ဒါဆိုရင်တော့ငါးခြောက်ကြွပ်ကြွပ်လေးရပါပြီ။ခရက်တစ်ပါသင့်အတွက်ကျေနပ်စေမဲ့ပိုစ်ဆိုရင်ရှဲပေးပါ

Crd

Zawgyi

ငါးေျခာက္ကိုအငန္ဓာတ္နည္းေအာင္အရသာ႐ြိ႐ြိစားသုံးႏိုင္ေအာင္ဖုတ္နည္းငါးေျခာက္ဖုတ္မယ္ဆိုရင္အရင္ဆုံးဆားရည္ထဲငါးေျခာက္ကိုနာရီဝက္ေလာက္စိမ္ထားပါၿပီးမွေရ၃ထပ္ေလာက္ေဆးၿပီးရင္ဖုတ္လို႔ရပါၿပီ

ဆားရည္စိမ္ျခင္းကငါးေျခာက္ရဲ႕အငံဓာတ္ကိုနည္းသြားေအာင္စုပ္ယူသလိုငါးေျခာက္လွန္းတဲ့အခါအခုသုံးေနၾကတဲ့ယင္မနားေဆးရဲ႕အႏၲရာယ္ကလည္းနည္းသြားပါတယ္ေ ရဇလုံေလးတစ္လုံးငါးေျခာက္ထုမယ့္

စဥ့္ႏွီတုံးနားအသင့္ထားထားေပးပါငါးေျခာက္ကိုႂကြပ္ႂကြပ္မႀကိဳက္ပဲေပ်ာ့ေပ်ာ့ေလးစားခ်င္ရင္ေတာ့ဆီထည့္ထားတဲ့ပန္းကန္ေလးလဲအဆင္သင့္လုပ္ထားပါငါးေျခာက္ကိုစၿပီးဖုတ္လို႔မီးအပူနဲ႔ေတြ႕ရင္ငါးေျခာက္သားေလးစၿပီး

ေပ်ာ့ေပ်ာင္းလာပါလိမ့္မယ္ အဲ့ဒီအခ်ိန္ငါးေျခာက္ကိုျပန္ဆယ္ၿပီးဖြဖြေလးအသားပြလာေအာင္ထုၿပီးမွျပန္ဖုတ္ပါငါးေျခာက္ကက်က္လာၿပီးတူးစျပဳလာရင္အသင့္ထားထားတဲ့ေရဇလုံထဲထည့္ၿပီခ်က္ခ်င္းျပန္ဆယ္ေပးပါ

မီးေလးခဏျပန္ျပၿပီးဖြဖြေလးထုပါထုထားတဲ့ငါးေျခာက္ကိုခ်က္ခ်င္းအပူဓာတ္မကုန္ခင္ဆီစိမ္ပါဒါဆိုရင္ေတာ့ငါးေျခာက္ေပ်ာ့ေပ်ာ့ေပ်ာင္းေပ်ာင္းေလးရပါၿပီသက္ႀကီး႐ြယ္အိုမိဘေတြလဲအဆင္ေျပေျပဝါးလို႔ရပါတယ္

ႂကြပ္တာႀကိဳက္ရင္ေတာ့ထုလိုက္ဆီစိမ္လိုက္မလုပ္ပဲထုထားတဲ့ငါးေျခာက္ေတြကိုေအးသြားမွဆီစိမ္ပါ ဒါဆိုရင္ေတာ့ငါးေျခာက္ႂကြပ္ႂကြပ္ေလးရပါၿပီ။ခရက္တစ္ပါသင့္အတြက္ေက်နပ္ေစမဲ့ပိုစ္ဆိုရင္ရွဲေပးပါ

Crd