ကိုယ်ဝန်ရှိနေမှန်းမသိဘဲ ကလပ်သွားနေသည့်အချိန်မှ ကလေးထွက်လာလို့ ဆေးရုံသို့အရေးပေါ်ပြေးခဲ့ရသည့် အသက်၂၀အရွယ်ကောင်မလေး၏ ထူးဆန်းဖွယ်အဖြစ်

Unicode

မက္ကဆီကိုနိုင်ငံတွင်နေထိုင်သော အသက်၂၀အရွယ်ကောင်မလေးသည် Vivienne Weis Ruiz Velascoဟုအမည်ရပြီး ကိုယ်ဝန်ရှိနေတာကို

လုံးဝမသိခဲ့တာဟုသိရပါတယ်။ကိုယ်ဝန်ရှိတာကို လုံးဝမသိခဲ့သည့်အတွက် အနေအထိုင် အစားအသောက်တွေကို မဆင်ခြင်ဘဲ ကလပ်များ ဘားများသို့ပုံမှန်သွားရောက်ပြီး ပျော်ပါးနေတတ်တာဖြစ်ပါတယ်။

ထို့ကြောင့် တစ်ရက်ညအချိန်တွင် ကလပ်တစ်ခုတွင် ပျော်ပါးနေရင်းက ရုတ်တရက်ဗိုက်နာလာပြီး ကလေးထွက်လာခဲ့တာဟုသိရပါတယ်။

ထိုအခါချက်ချင်းပင်ဆေးရုံသို့သွားရောက်ခဲ့ရပြီး ကံကောင်းစွာဖြင့် ကလေးရောမိခင်ပါ ကျန်းမားကြောင်းသိရှိခဲ့ရပါတယ်။

ကိုယ်ဝန်ရှိနေခြင်းအတွက် ထူးခြားသည့်လက္ခဏာတွေကို သတိမထားမိတာလားဆိုတာမသိရပေမယ့် မွေးဖွားချိန်ထိ ကလေးရှိနေမှန်းမသိခဲ့တာဟာ အံ့သြဖွယ်ရာကောင်းနေတာ အမှန်ပင်ဖြစ်ပါတယ်။

Crd

Zawgyi






Crd