ေက်ာက္ေခတ္လူသားေတြ ေနထိုင္ခဲ့တဲ့ရွမ္းျပည္နယ္ကဂူႀကီး

Unicode

ကျောက်ခေတ်လူသားတွေအစဉ်အဆက်နေထိုင်ခဲ့တဲ့အချက်အလက်အထောက်အထားများ ခိုင်ခိုင်လုံလုံတွေ့ရှိရသည့်ဂူ မြန်မာပြည်မှာရှိပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ ရွာငံမြို့နယ် အနောက်ဘက်ယွန်းယွန်း ၁၀ မိုင်ခန့်အကွာတွင်တည်ရှိတဲ့ ပြဒါးလင်းဂူ(ဗဒလင်းဂူ)ပဲဖြစ်ပါတယ်။

မြန်မာပြည်၌ရှိသော ဂူကြီးများအနက် အကြီးဆုံးဂူလည်းဖြစ်ပါတယ်။ ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၁၀၅၀ အမြင့်တွင် ရှိပြီး ဂူပုံစံဟာပုတတ်(ပဒတ်) ခေါင်းထောင် နေသလိုလို ခပ်မြင့်မြင့် ခပ်မော့မော့ရှိနေလို့ ဗဒတ်လိုဏ်ဟုခေါ်ဆိုခဲ့ပြီး နောက်ပိုင်းမှ ပြဒါလင်းဂူလို့ ခေါ်ဆိုခဲ့တာပါ။

ကျောက်ဂူအတွင်းရှိ ကျောက်စက်ပန်းဆွဲများနှင့် ကျောက်စက်မိုးမျှော်များတွင် ဖော့စဖောရပ်ဓာတ်ပါဝင်မှုကြောင့် တလက်လက်တောက်ပနေသဖြင့် ပြဒါးလင်းဂူဟု ပညာရှင်များက ပြင်ပြီးခေါ်ဆိုခဲ့ကြတာပါ။

ဂူအမှတ် (၁) နှင့် ဂူအမှတ် (၂) ဟူ၍ရှိပါတယ်။ ဂူတစ်ဂူနှင့်တစ်ဂူ ကိုက် ၂ဝဝ သာကွာဝေးပါတယ်။ ဂူအမှတ် (၁) သည် နံရံဆေးရေးပန်းချီများရှိသော ဂူဖြစ်ပြီး အလျားပေ ၈၀ ခန့်ကျယ်ပြီး၊ အနံ ၂၀ ပေနှင့် အမြင့် ၁၄ ပေခန့် ရှိသောဂူဖြစ်ပါတယ်။

ဂူနံရံပေါ်တွင် နီညိုရောင် ရေးဆွဲထားသော ပန်းချီရုပ်ပုံများ ရှိနေပြီး လက်ဝါးပုံနှစ်ခု ၊ နေပုံတစ်ခုနှင့် တိရိစ္ဆာန်ပုံများ အပါအဝင် ၁၂ ပုံခန့်ရှိပါတယ်။

သုတေသီများက ပြဒါလင်းဂူမှကျောက်ခေတ်လက်ရာပုံများသည် အနောက်တိုင်း ကျောက်ခေတ်လက်ရာများနှင့် တူညီမှုရှိကြောင်း မှတ်ချက်ပြုထားပါတယ်။

ဂူအမှတ် (၂)သည် ဂူကြီး ၅ ခု တစ်ဆက်တည်းဖြစ်နေပြီး၊ ပေ ၈၀၀ ခန့်ရှည့်လျား၍ အကျယ်ဆုံးနေရာမှာ ပေ ၃၀၀ ခန့်၊ အမြင့်ဆုံးနေရာမှာ

ပေ ၉၀ ခန့်ရှိပါတယ်။ အမိုးများမှာ မြေပြိုကျ၍ အကျယ် ၅ ပေမှ ၁၅ ပေခန့်ရှိသော အမိုးပေါက် ၆ ခု ရှိသဖြင့် လေဝင်လေထွက်အလင်းရောင် ကောင်းမွန်စွာရပါတယ်။‌

သဘာဝထုံးကျောက်များမှ ဖြစ်ပေါ်လာသော ကျောက်လည်တိုင် ကျောက်ဆက်မိုးမျှော်၊ ကျောက်ဆက်ပန်းဆွဲများဖြင့် ပြဒါးအလင်းရောင်တောက်နေသော ထုံးကျောက်ခရစ်စတယ်များဖြင့် လွန်စွာလှပပါတယ်။

လွန်ခဲ့သောနှစ်ပေါင်း(နှစ်သန်း)ခန့်ကပင်လယ်အောက်ရေစီးကြောင်းများကြောင့် ဤမျှကြီးမားသော သဘာဝဂူကြီး အဖြစ် တည်ရှိခဲ့ဟန်တူပါတယ်။ဂူအမှတ်၂ မှာတော့ကျောက်ခေတ်လူသားများ နေထိုင်ခဲ့သည့် အထောက်အထားမတွ့ရပါဘူး။

၁၉၃၇_၁၉၃၈ခုနှစ်တွင် ရှမ်းပြည်နယ်ရှိဂူများကို အပါ်ယံစုံစမ်းစစ်ဆေးမှုအား အမေရိကန်အရှေ့တောင်ပိုင်း လူသားများအတွက် လေ့လာရေးတောင်တက်အဖွဲ့မှ ပြုလုပ်ခဲ့တယ်လို့လဲ သိရပါတယ်။

ဘူမိဗေဒပညာရှင် ဦးခင်မောင်ကျော်က ၁၉၆၀ တွင် ဂူအတွင်းရှိ နံရံဆေးရေးပန်းချီများကို ရှာဖွေတွေ့ရှိခဲ့ပြီး ၁၉၆၉ မှ ၁၉၇၂ ခုနှစ်အတွင်း မြန်မာအစိုးရဟာ ပိုမိုနက်ရှိုင်းသော စုံစမ်းစစ်ဆေးမှုများကို ပြုလုပ်ခဲ့ပါတယ်။

၂၀၀၄ ခုနှစ်၊၂၀၀၈ ခုနှစ် တွင်လည်း သုတေသနပညာရှင်များက ဂူသို့နောက်ထပ်လာရောက်ပြီး ထပ်မံတူးဖော်ခဲ့ပြန်ပါတယ်။တချို့ကလည်း ၁၉၆၈ မှာရွာငံမြို့နယ်ညောင်ကြတ်ရွာမှနွားကျောင်းသားကလေးငယ် ၂ ယောက်က စတင်တွေ့ ရှိသတင်းပေးခဲ့တယ်လို့လည်း ဆိုပါတယ်။

တူးဖော်မှုမ ကျောက်ခေတ်လူသားတွေ ရေးဆွဲခဲ့တဲ့ နံရံပန်းချီတွေကို တွေ့ရှိခဲ့ရုံသာမက ကျောက်လက်နက်အကောင်း၊ အကျိုးစုစုပေါင်

း ၁၆ဝဝ ကျော်၊ တိရစ္ဆာန်တို့၏ အရိုးအပိုင်းအစများ၊ ပြာများ ၊အိုးခြမ်းပဲ့များ၊ မီးသွေးခဲများ၊ ပန်းချီရေးဆွဲရာတွင် အသုံးပြုသော မြေနီခဲများကိုတွေ့ရှိခဲ့ပါတယ်။

တူးဖော်မှုမှ တွေ့ခဲ့ရတဲ့ မြေနီခဲ(Red Ochre)ကြောင့် ကျောက်ခေတ်လူသားများ ရေးဆွဲခဲ့သည်မှာထင်ရှားကြောင်းလေ့လာသိရှိရပါတယ်။

ဂူထဲမှာအစဉ်မပြတ်မီးဖိုပြီး နေခဲ့လို့သာ ပြာထုလေးပေ ကျန်ရစ်ခဲ့တာဖြစ်ပြီး ပြာထုအရ ခန့်မှန်းကြည့်လျှင် ဂူအတွင်းမှလူများဟာ အနှစ်တစ်သောင်းကျော်က နေခဲ့ကြတယ်လို့ ပညာရှင်များက လေ့လာခန့်မှန်းကြပါတယ်။

ပြဒါးလင်းဂူမှ ကျောက်ခေတ်ယဉ်ကျေးမှုဆိုင်ရာ တွေ့ရှိချက်များဟာ မြန်မာ့ကျောက်ခေတ် ယာဉ်ကျေးမှုကိုသာမက အရှေ့တောင်အာရှကျောက်ခေတ်နှင့်လူ့သမိုင်း၊ ကမ္ဘာ့ကျောက်ခေတ်နှင့်ယဉ်ကျေးမှုသမိုင်းတို့အတွက်လည်းအထောက်အထားအင်အား ဖြည့်စွက်ပေးလျက်ရှိပါတယ်။

ယခုအခါ ရှေးဟောင်းသုတေသနဌာနမှ စနစ်တကျ ပြုပြင်ထိန်းထားပြီး ကျောက်ခေတ်ကအကြောင်းအရာများ၊ တောတောင်ရှူ့ခင်းမျာကိုလေ့လာရင်း သွားရောက်လည်ပတ်သင့်တယ်လို့ မှတ်ချက်ပြုပါရစေ။

မြန်မာနိုင်ငံ ကျောက်ခေတ်သက်တမ်းကာလတွင် လူသားများနေထိုင်ခဲ့ဖွယ်ရှိသည့် သဘာဝလှိုဏ်ဂူများအနက် ရှမ်းပြည်နယ်အတွင်း မုံတဝဂူ၊

ပေါ်လပတ်ဂူ၊ ဗုဒ္ဓေါဇိနောဂူ၊ ပါပန့်ဂူ၊ ဆူးဇောင်းဂနိုင်ဂူ၊ ကျောက်တိုင်ဂူ၊ တောင်ဘို့တောင်ဂူ၊ ထပ်အိမ်ဂူ၊ကျောက်ရေအိုးဂူ စသည်တို့လည်း တည်ရှိနေပါတယ်။

Crd

Zawgyi

ေက်ာက္ေခတ္လူသားေတြအစဥ္အဆက္ေနထိုင္ခဲ့တဲ့အခ်က္အလက္အေထာက္အထားမ်ား ခိုင္ခိုင္လုံလုံေတြ႕ရွိရသည့္ဂူ ျမန္မာျပည္မွာရွိပါတယ္။

ရွမ္းျပည္နယ္ေတာင္ပိုင္း၊ ေတာင္ႀကီးခ႐ိုင္၊ ႐ြာငံၿမိဳ႕နယ္ အေနာက္ဘက္ယြန္းယြန္း ၁၀ မိုင္ခန႔္အကြာတြင္တည္ရွိတဲ့ ျပဒါးလင္းဂူ(ဗဒလင္းဂူ)ပဲျဖစ္ပါတယ္။

ျမန္မာျပည္၌ရွိေသာ ဂူႀကီးမ်ားအနက္ အႀကီးဆုံးဂူလည္းျဖစ္ပါတယ္။ ပင္လယ္ေရမ်က္ႏွာျပင္အထက္ ေပ ၁၀၅၀ အျမင့္တြင္ ရွိၿပီး ဂူပုံစံဟာပုတတ္(ပဒတ္) ေခါင္းေထာင္ ေနသလိုလို ခပ္ျမင့္ျမင့္ ခပ္ေမာ့ေမာ့ရွိေနလို႔ ဗဒတ္လိုဏ္ဟုေခၚဆိုခဲ့ၿပီး ေနာက္ပိုင္းမွ ျပဒါလင္းဂူလို႔ ေခၚဆိုခဲ့တာပါ။

ေက်ာက္ဂူအတြင္းရွိ ေက်ာက္စက္ပန္းဆြဲမ်ားႏွင့္ ေက်ာက္စက္မိုးေမွ်ာ္မ်ားတြင္ ေဖာ့စေဖာရပ္ဓာတ္ပါဝင္မႈေၾကာင့္ တလက္လက္ေတာက္ပေနသျဖင့္ ျပဒါးလင္းဂူဟု ပညာရွင္မ်ားက ျပင္ၿပီးေခၚဆိုခဲ့ၾကတာပါ။

ဂူအမွတ္ (၁) ႏွင့္ ဂူအမွတ္ (၂) ဟူ၍ရွိပါတယ္။ ဂူတစ္ဂူႏွင့္တစ္ဂူ ကိုက္ ၂ဝဝ သာကြာေဝးပါတယ္။ ဂူအမွတ္ (၁) သည္ နံရံေဆးေရးပန္းခ်ီမ်ားရွိေသာ ဂူျဖစ္ၿပီး အလ်ားေပ ၈၀ ခန႔္က်ယ္ၿပီး၊ အနံ ၂၀ ေပႏွင့္ အျမင့္ ၁၄ ေပခန႔္ ရွိေသာဂူျဖစ္ပါတယ္။

ဂူနံရံေပၚတြင္ နီညိဳေရာင္ ေရးဆြဲထားေသာ ပန္းခ်ီ႐ုပ္ပုံမ်ား ရွိေနၿပီး လက္ဝါးပုံႏွစ္ခု ၊ ေနပုံတစ္ခုႏွင့္ တိရိစာၦန္ပုံမ်ား အပါအ၀င္ ၁၂ ပုံခန္႔ရွိပါတယ္။

သုေတသီမ်ားက ျပဒါလင္းဂူမွေက်ာက္ေခတ္လက္ရာပုံမ်ားသည္ အေနာက္တိုင္း ေက်ာက္ေခတ္လက္ရာမ်ားႏွင့္ တူညီမႈရွိေၾကာင္း မွတ္ခ်က္ျပဳထားပါတယ္။

ဂူအမွတ္ (၂)သည္ ဂူႀကီး ၅ ခု တစ္ဆက္တည္းျဖစ္ေနၿပီး၊ ေပ ၈၀၀ ခန႔္ရွည့္လ်ား၍ အက်ယ္ဆုံးေနရာမွာ ေပ ၃၀၀ ခန႔္၊ အျမင့္ဆုံးေနရာမွာ

ေပ ၉၀ ခန႔္ရွိပါတယ္။ အမိုးမ်ားမွာ ေျမၿပိဳက်၍ အက်ယ္ ၅ ေပမွ ၁၅ ေပခန႔္ရွိေသာ အမိုးေပါက္ ၆ ခု ရွိသျဖင့္ ေလဝင္ေလထြက္အလင္းေရာင္ ေကာင္းမြန္စြာရပါတယ္။‌

သဘာဝထုံးေက်ာက္မ်ားမွ ျဖစ္ေပၚလာေသာ ေက်ာက္လည္တိုင္ ေက်ာက္ဆက္မိုးေမွ်ာ္၊ ေက်ာက္ဆက္ပန္းဆြဲမ်ားျဖင့္ ျပဒါးအလင္းေရာင္ေတာက္ေနေသာ ထုံးေက်ာက္ခရစ္စတယ္မ်ားျဖင့္ လြန္စြာလွပပါတယ္။

လြန္ခဲ့ေသာႏွစ္ေပါင္း(ႏွစ္သန္း)ခန႔္ကပင္လယ္ေအာက္ေရစီးေၾကာင္းမ်ားေၾကာင့္ ဤမွ်ႀကီးမားေသာ သဘာဝဂူႀကီး အျဖစ္ တည္ရွိခဲ့ဟန္တူပါတယ္။ဂူအမွတ္၂ မွာေတာ့ေက်ာက္ေခတ္လူသားမ်ား ေနထိုင္ခဲ့သည့္ အေထာက္အထားမတြ႕ရပါဘူး။

၁၉၃၇_၁၉၃၈ခုႏွစ္တြင္ ရွမ္းျပည္နယ္ရွိဂူမ်ားကို အပၚယံစုံစမ္းစစ္ေဆးမႈအား အေမရိကန္အေရွ႕ေတာင္ပိုင္း လူသားမ်ားအတြက္ ေလ့လာေရးေတာင္တက္အဖြဲ႕မွ ျပဳလုပ္ခဲ့တယ္လို႔လဲ သိရပါတယ္။

ဘူမိေဗဒပညာရွင္ ဦးခင္ေမာင္ေက်ာ္က ၁၉၆၀ တြင္ ဂူအတြင္းရွိ နံရံေဆးေရးပန္းခ်ီမ်ားကို ရွာေဖြေတြ႕ရွိခဲ့ၿပီး ၁၉၆၉ မွ ၁၉၇၂ ခုႏွစ္အတြင္း ျမန္မာအစိုးရဟာ ပိုမိုနက္ရႈိင္းေသာ စုံစမ္းစစ္ေဆးမႈမ်ားကို ျပဳလုပ္ခဲ့ပါတယ္။

၂၀၀၄ ခုႏွစ္၊၂၀၀၈ ခုႏွစ္ တြင္လည္း သုေတသနပညာရွင္မ်ားက ဂူသို႔ေနာက္ထပ္လာေရာက္ၿပီး ထပ္မံတူးေဖာ္ခဲ့ျပန္ပါတယ္။တခ်ိဳ႕ကလည္း ၁၉၆၈ မွာ႐ြာငံၿမိဳ႕နယ္ေညာင္ၾကတ္႐ြာမွႏြားေက်ာင္းသားကေလးငယ္ ၂ ေယာက္က စတင္ေတြ႕ ရွိသတင္းေပးခဲ့တယ္လို႔လည္း ဆိုပါတယ္။

တူးေဖာ္မႈမ ေက်ာက္ေခတ္လူသားေတြ ေရးဆြဲခဲ့တဲ့ နံရံပန္းခ်ီေတြကို ေတြ႕ရွိခဲ့႐ုံသာမက ေက်ာက္လက္နက္အေကာင္း၊ အက်ိဳးစုစုေပါင္

း ၁၆ဝဝ ေက်ာ္၊ တိရစာၦန္တို႔၏ အ႐ိုးအပိုင္းအစမ်ား၊ ျပာမ်ား ၊အိုးျခမ္းပဲ့မ်ား၊ မီးေသြးခဲမ်ား၊ ပန္းခ်ီေရးဆြဲရာတြင္ အသုံးျပဳေသာ ေျမနီခဲမ်ားကိုေတြ႕ရွိခဲ့ပါတယ္။

တူးေဖာ္မႈမွ ေတြ႕ခဲ့ရတဲ့ ေျမနီခဲ(Red Ochre)ေၾကာင့္ ေက်ာက္ေခတ္လူသားမ်ား ေရးဆြဲခဲ့သည္မွာထင္ရွားေၾကာင္းေလ့လာသိရွိရပါတယ္။

ဂူထဲမွာအစဥ္မျပတ္မီးဖိုၿပီး ေနခဲ့လို႔သာ ျပာထုေလးေပ က်န္ရစ္ခဲ့တာျဖစ္ၿပီး ျပာထုအရ ခန႔္မွန္းၾကည့္လွ်င္ ဂူအတြင္းမွလူမ်ားဟာ အႏွစ္တစ္ေသာင္းေက်ာ္က ေနခဲ့ၾကတယ္လို႔ ပညာရွင္မ်ားက ေလ့လာခန႔္မွန္းၾကပါတယ္။

ျပဒါးလင္းဂူမွ ေက်ာက္ေခတ္ယဥ္ေက်းမႈဆိုင္ရာ ေတြ႕ရွိခ်က္မ်ားဟာ ျမန္မာ့ေက်ာက္ေခတ္ ယာဥ္ေက်းမႈကိုသာမက အေရွ႕ေတာင္အာရွေက်ာက္ေခတ္ႏွင့္လူ႔သမိုင္း၊ ကမာၻ႔ေက်ာက္ေခတ္ႏွင့္ယဥ္ေက်းမႈသမိုင္းတို႔အတြက္လည္းအေထာက္အထားအင္အား ျဖည့္စြက္ေပးလ်က္ရွိပါတယ္။

ယခုအခါ ေရွးေဟာင္းသုေတသနဌာနမွ စနစ္တက် ျပဳျပင္ထိန္းထားၿပီး ေက်ာက္ေခတ္ကအေၾကာင္းအရာမ်ား၊ ေတာေတာင္ရႉ႔ခင္းမ်ာကိုေလ့လာရင္း သြားေရာက္လည္ပတ္သင့္တယ္လို႔ မွတ္ခ်က္ျပဳပါရေစ။

ျမန္မာႏိုင္ငံ ေက်ာက္ေခတ္သက္တမ္းကာလတြင္ လူသားမ်ားေနထိုင္ခဲ့ဖြယ္ရွိသည့္ သဘာဝလႈိဏ္ဂူမ်ားအနက္ ရွမ္းျပည္နယ္အတြင္း မုံတဝဂူ၊

ေပၚလပတ္ဂူ၊ ဗုေဒၶါဇိေနာဂူ၊ ပါပန႔္ဂူ၊ ဆူးေဇာင္းဂႏိုင္ဂူ၊ ေက်ာက္တိုင္ဂူ၊ ေတာင္ဘို႔ေတာင္ဂူ၊ ထပ္အိမ္ဂူ၊ေက်ာက္ေရအိုးဂူ စသည္တို႔လည္း တည္ရွိေနပါတယ္။

Crd