Unicode
လူသားတို့သည် အိမ်မွေးတိရစ္ဆာန်အဖြစ် ခွေးလေး ကြောင်လေးတွေကိုသာ အများဆုံးမွေးမြူတတ်ကြပြီး အချို့က ဘဲတွေဝက်တွေကို ရောင်းမစားပဲ
မွေးမြူထားတတ်ကြသည်။ယခုတွင်လည်း ဗီယက်နမ်နိုင်ငံမှ အမျိုးသမီးတစ်ဦးသည် ဈေးထဲမှာ ဘဲပေါက်လေးတွေရောင်းချနေတာကိုတွေ့ရှိပြီး ချစ်စရာကောင်းလွန်းတာကြောင့် ဘဲဖြူလေးတစ်ကောင်ကို ဝယ်ယူပြီးတော့ အိမ်မွေးတိရစ္ဆာန်အဖြစ် မွေးထားခဲ့သည်။
ဘဲလေးသည် ရက်ပိုင်းအတွင်း သခင်ဖြစ်သူပြောသောစကားတွေကို နားလည်သည့်ဟန်နဲ့ နာခံမှုရှိပြီး အခြားသောဘဲတွေလိုလည်း ပြေးလွှားဆော့
ကစားတာမျိုးမရှိပဲ သခင်နောက်တကောက်ကောက်ပက်လိုက်နေခဲ့သည်။ဘဲလေးရဲ့ လိမ္မာသိတတ်မှုတို့ကို သခင်ဖြစ်သူမှ သတိထားမိပြီး သမီးရင်းလေးလို ချစ်မြတ်နိုးကာ အဝတ်စားဆင်ယင်ပေးထားပြီး ဖိနပ်လေးပါ ဝတ်ထားပေးခဲ့သည်။
သခင်ဖြစ်သူသည် ဘဲလေးကို နေ့တိုင်းလိုလိုရေချိုးသန့်စင်ပေးပြီး အမွှေးများခြောက်မြန်အောင်လည်း လေမှုတ်စက်နဲ့မှုတ်ပေးကာ အိပ်ရာမှာတူတူခေါ်
အိပ်ပြီး ထမင်းလည်းခွံကျွေးခဲ့သည်။သခင်ဖြစ်သူနဲ့ ဘဲလေးတို့မှာ သံယောဇဉ်ကြီးမားပြီး သခင်နဲ့အတူမရှိရပါက ဘဲလေးမှာအစားလည်းမစား အိပ်လည်းမအိပ်ဖြစ်တာကြောင့် သခင်မှ ညအိပ်ခရီးများ ထွက်လည်တာမျိုးမလုပ်တော့ကြောင်းဆိုခဲ့သည်။
Crd
Zawgyi
လူသားတို႔သည္ အိမ္ေမြးတိရစာၦန္အျဖစ္ ေခြးေလး ေၾကာင္ေလးေတြကိုသာ အမ်ားဆုံးေမြးျမဴတတ္ၾကၿပီး အခ်ိဳ႕က ဘဲေတြဝက္ေတြကို ေရာင္းမစားပဲ
ေမြးျမဴထားတတ္ၾကသည္။ယခုတြင္လည္း ဗီယက္နမ္ႏိုင္ငံမွ အမ်ိဳးသမီးတစ္ဦးသည္ ေစ်းထဲမွာ ဘဲေပါက္ေလးေတြေရာင္းခ်ေနတာကိုေတြ႕ရွိၿပီး ခ်စ္စရာေကာင္းလြန္းတာေၾကာင့္ ဘဲျဖဴေလးတစ္ေကာင္ကို ဝယ္ယူၿပီးေတာ့ အိမ္ေမြးတိရစာၦန္အျဖစ္ ေမြးထားခဲ့သည္။
ဘဲေလးသည္ ရက္ပိုင္းအတြင္း သခင္ျဖစ္သူေျပာေသာစကားေတြကို နားလည္သည့္ဟန္နဲ႔ နာခံမႈရွိၿပီး အျခားေသာဘဲေတြလိုလည္း ေျပးလႊားေဆာ့
ကစားတာမ်ိဳးမရွိပဲ သခင္ေနာက္တေကာက္ေကာက္ပက္လိုက္ေနခဲ့သည္။ဘဲေလးရဲ႕ လိမၼာသိတတ္မႈတို႔ကို သခင္ျဖစ္သူမွ သတိထားမိၿပီး သမီးရင္းေလးလို ခ်စ္ျမတ္ႏိုးကာ အဝတ္စားဆင္ယင္ေပးထားၿပီး ဖိနပ္ေလးပါ ဝတ္ထားေပးခဲ့သည္။
သခင္ျဖစ္သူသည္ ဘဲေလးကို ေန႔တိုင္းလိုလိုေရခ်ိဳးသန္႔စင္ေပးၿပီး အေမႊးမ်ားေျခာက္ျမန္ေအာင္လည္း ေလမႈတ္စက္နဲ႔မႈတ္ေပးကာ အိပ္ရာမွာတူတူေခၚ
အိပ္ၿပီး ထမင္းလည္းခြံေကြၽးခဲ့သည္။သခင္ျဖစ္သူနဲ႔ ဘဲေလးတို႔မွာ သံေယာဇဥ္ႀကီးမားၿပီး သခင္နဲ႔အတူမရွိရပါက ဘဲေလးမွာအစားလည္းမစား အိပ္လည္းမအိပ္ျဖစ္တာေၾကာင့္ သခင္မွ ညအိပ္ခရီးမ်ား ထြက္လည္တာမ်ိဳးမလုပ္ေတာ့ေၾကာင္းဆိုခဲ့သည္။
Crd