ရာသီတစ္ခုေျပာင္းတာနဲ႔ အသြင္အျပင္ပါေျပာင္းတဲ့ The Lost Gardens of Heligan ဥယ်ာဥ္က သက္ရွိ႐ုပ္တုႀကီး

Unicode

အင်္ဂလန်နိုင်ငံအနာက်တောင်ဘက်ကကွန်ဝေါ်ကောင်တီဟာ မှော်ဆန်တဲ့နေရာတစ်ခုပါပဲ။အဲဒီကောင်တီမှာ(၂၀၀)ဧကရှိတဲ့ဥရောပရဲ့အကြီးဆုံးဥယျာဉ်ကြီး Lost Gardens of Heliganလည်းရှိပြီးသစ်ပင်ပန်းပင်တွေကိုချစ်မြတ်နိုးသူတွေနဲ့

သဘာဝတရားကိုခံစားချင်တဲ့သူတွေလာရောက်လည်ပတ်လို့အကောင်းဆုံးပါပဲ။ Heliganရဲ့အတွင်းဘက်မှာ လျှို့ဝှက်ဆန်းကြယ်မှုတွေကို

တွေ့ရမှာဖြစ်ပြီးအဲဒီထဲက တစ်ခုဟာ Mud Maid အမည်ရတဲ့ ရုပ်တုကြီးပါပဲ။ အဲဒီရုပ်တုကြီးကို ဒေသတွင်းကအနုပညာရှင်မောင်နှမ

ပီတီနဲ့ ဆူဟေးလ်တို့က ဖန်တီးခဲ့တာဖြစ်ပါတယ်။ ၁၉၉၇ခုနှစ်က အဲဒီရုပ်တုကို ဖန်တီးစေခဲ့ပြီးအဲဒီကတည်းကLost Garden ရဲ့တစ်စိတ်တစ်ပိုင်းဖြစ်လာခဲ့တာဖြစ်ပါတယ်။

Mud Maid ဆိုတဲ့ ရုပ်တုကြီးက သက်ရှိရုပ်တုကြီးပါ။ရုပ်တုရဲ့အဝတ်အထည်နဲ့ ဆံပင်တွေကရာသီတစ်ရာသီပြောင်းတာနဲ

့ မြက်ပင်၊ နွယ်ပင်၊ ရေညှိတွေ ပေါက်လာလိုက်၊ ခြောက်သွေ့သွားလိုက်ဖြစ်တဲ့အတွက် ပြောင်းလဲသွားတာကို ဆိုလိုတာပါ။ ပုံတွေကို ကြည့်လိုက်ရင်

ရုပ်တုကြီးဟာ တစ်ရာသီနဲ့တစ်ရာသီမတူဘဲ အသွင်အပြင်ပြောင်းနေတာကို မြင်တွေ့ရမှာပါ။ နွေဦးရာသီနဲ့ နွေရာသီမှာ

ရုပ်တုကြီးရဲ့အသွင်အပြင်ပြောင်းသလို ဆောင်းဦးရာသီနဲ့ ဆောင်းရာသီတွေမှာလည်း ပြောင်းသွားတာကို တွေ့ရမှာဖြစ်ပါတယ်။

The Lost Gardens of Heligan ဥယျာဉ်မှာ အိပ်ပျော်နေတဲ့အမျိုးသမီးအဖြစ် တင်စားထားတဲ့The Mud Maid ရုပ်တုကြီး

အပြင်အခြားရုပ်တုကြီးတွေလည်းရှိပါတယ်။ ဒါပေမဲ့ The Mud Maid ရုပ်တုကြီးက ဥယျာဉ်ကြီးမှာ လျှို့ဝှက်ဆန်းကြယ်တဲ့ အနှစ်သာရကို

ယူဆောင်ပေးနိုင်ပါတယ်။ Mud Maid ကို သစ်နဲ့ ဘောင်ခတ်ပုံစံဖော်ပြီး ဖန်တီးပြုလုပ်ထားတာဖြစ်ပါတယ်။ ဖန်တီးပုံဖော်တဲ့မောင်နှမ (၂)ဦးက အဲဒီဘောင်ခတ်ပုံဖော်ထားတဲ့ပေါ်မှာ စေးကပ်တဲ့ရွံ့တွေကို အသုံးပြုထားပါသေးတယ်။

ရုပ်တုရဲ့မျက်နှာကိုတော့ ရွံ့၊ သဲ၊ ဘိလပ်မြေတို့နဲ့ ပြုလုပ်ထားပါတယ်။ အစကသစ်ကပ်မှော်ပေါက်လာဖို့အတွက် ဒိန်ချဉ်နဲ့အုပ်ထားခဲ့ပါသေးတယ်။

Maidရဲ့ဦးခေါင်းက Montbretia အပင်နဲ့ပြည့်နေပြီး အဝတ်အနေနဲ့ကတော့ နွယ်ပင်တွေပါပဲ။ Mud Maid ကို ဖန်တီးခဲ့တဲ့ မောင်နှမ(၂) ဦးနဲ့ သူတို့တွေ ဘယ်လိုလုပ်ခဲ့လဲဆိုတာကို ပုံမှာ မြင်တွေ့ရမှာပါ။

The Lost Gardens of Heligan ကို (၁၈) ရာစုတုန်းက Tremayne မိသားစုကတည်ထောင်ခဲ့တာဖြစ်ပြီး ဗြိတိန်ရဲ့ကျော်ကြားတဲ့

ရုက္ခဗေဒဥယျာဉ်တွေထဲကတစ်ခုဖြစ်ပါတယ်။ ပထမကမ္ဘာစစ်မတိုင်ခင်က ဥယျာဉ်ကို ထိန်းသိမ်းစောင့်ရှောက်ဖို့အတွက်

ဥယျာဉ်မှူး (၂၂) ဦးကို ခန့်အပ်ထားခဲ့တာပါ။ဒါပေမဲ့စစ်ပွဲဖြစ်ပွားတဲ့အခါမှာ ဥယျာဉ်မှူးတော်တော်များများက ရှေ့တန်းထွက်ခဲ့ရပါတယ်။

ပထမကမ္ဘာစစ်ပြီးသွားတဲ့နောက်မှာ ဥယျာဉ်မှူးအရေအတွက်က လျော့နည်းလာပြီး မြေနေရာကလည်း ယိုယွင်းပျက်စီးလာခဲ့ရပါတယ်။ နောက်ပိုင်းမှာ

ပြန်လည်ကောင်းမွန်လာခဲ့ပြီး နာမည်ကြီးဥယျာဉ်တွေထဲက တစ်ခုဖြစ်လာခဲ့ပါတယ်။ နှစ်ပေါင်း (၄၀၀) သက်တမ်းရှိပြီးဖြစ်တဲ့ ဥယျာဉ်က နှစ်တိုင်း သက်ရှိရုပ်တုကြီးတွေနဲ့ အလည်အပတ်လာရောက်သူထောင်ချီကို ဆွဲဆောင်ထားတယ်လို့သိရပါတယ်။

Crd

Zawgyi

အဂၤလန္ႏိုင္ငံအနာက္ေတာင္ဘက္က ကြန္ေဝၚေကာင္တီဟာ ေမွာ္ဆန္တဲ့ေနရာတစ္ခုပါပဲ။ အဲဒီေကာင္တီမွာ (၂၀၀)ဧကရွိတဲ့ ဥေရာပရဲ႕ အႀကီးဆုံးဥယ်ာဥ္ႀကီး Lost Gardens of Heligan လည္းရွိၿပီး သစ္ပင္ပန္းပင္ေတြကိုခ်စ္ျမတ္ႏိုးသူေတြနဲ႔

သဘာဝတရားကိုခံစားခ်င္တဲ့သူေတြလာေရာက္လည္ပတ္လို႔အေကာင္းဆုံးပါပဲ။ Heliganရဲ႕အတြင္းဘက္မွာ လွ်ိဳ႕ဝွက္ဆန္းၾကယ္မႈေတြကို

ေတြ႕ရမွာျဖစ္ၿပီး အဲဒီထဲက တစ္ခုဟာ Mud Maid အမည္ရတဲ့ ႐ုပ္တုႀကီးပါပဲ။ အဲဒီ႐ုပ္တုႀကီးကို ေဒသတြင္းကအႏုပညာရွင္ေမာင္ႏွမ

ပီတီနဲ႔ ဆူေဟးလ္တို႔က ဖန္တီးခဲ့တာျဖစ္ပါတယ္။ ၁၉၉၇ခုႏွစ္က အဲဒီ႐ုပ္တုကို ဖန္တီးေစခဲ့ၿပီး အဲဒီကတည္းက Lost Garden ရဲ႕တစ္စိတ္တစ္ပိုင္းျဖစ္လာခဲ့တာျဖစ္ပါတယ္။

Mud Maid ဆိုတဲ့ ႐ုပ္တုႀကီးက သက္ရွိ႐ုပ္တုႀကီးပါ။႐ုပ္တုရဲ႕အဝတ္အထည္နဲ႔ ဆံပင္ေတြကရာသီတစ္ရာသီေျပာင္းတာနဲ

႔ ျမက္ပင္၊ ႏြယ္ပင္၊ ေရညႇိေတြ ေပါက္လာလိုက္၊ ေျခာက္ေသြ႕သြားလိုက္ျဖစ္တဲ့အတြက္ ေျပာင္းလဲသြားတာကို ဆိုလိုတာပါ။ ပုံေတြကို ၾကည့္လိုက္ရင္

႐ုပ္တုႀကီးဟာ တစ္ရာသီနဲ႔တစ္ရာသီမတူဘဲ အသြင္အျပင္ေျပာင္းေနတာကို ျမင္ေတြ႕ရမွာပါ။ ေႏြဦးရာသီနဲ႔ ေႏြရာသီမွာ

႐ုပ္တုႀကီးရဲ႕အသြင္အျပင္ေျပာင္းသလို ေဆာင္းဦးရာသီနဲ႔ ေဆာင္းရာသီေတြမွာလည္း ေျပာင္းသြားတာကို ေတြ႕ရမွာျဖစ္ပါတယ္။

The Lost Gardens of Heligan ဥယ်ာဥ္မွာ အိပ္ေပ်ာ္ေနတဲ့အမ်ိဳးသမီးအျဖစ္ တင္စားထားတဲ့The Mud Maid ႐ုပ္တုႀကီး

အျပင္အျခား႐ုပ္တုႀကီးေတြလည္းရွိပါတယ္။ ဒါေပမဲ့ The Mud Maid ႐ုပ္တုႀကီးက ဥယ်ာဥ္ႀကီးမွာ လွ်ိဳ႕ဝွက္ဆန္းၾကယ္တဲ့ အႏွစ္သာရကို

ယူေဆာင္ေပးႏိုင္ပါတယ္။ Mud Maid ကို သစ္နဲ႔ ေဘာင္ခတ္ပုံစံေဖာ္ၿပီး ဖန္တီးျပဳလုပ္ထားတာျဖစ္ပါတယ္။ ဖန္တီးပုံေဖာ္တဲ့ေမာင္ႏွမ (၂)ဦးက အဲဒီေဘာင္ခတ္ပုံေဖာ္ထားတဲ့ေပၚမွာ ေစးကပ္တဲ့႐ြံ႕ေတြကို အသုံးျပဳထားပါေသးတယ္။

႐ုပ္တုရဲ႕မ်က္ႏွာကိုေတာ့ ႐ြံ႕၊ သဲ၊ ဘိလပ္ေျမတို႔နဲ႔ ျပဳလုပ္ထားပါတယ္။ အစကသစ္ကပ္ေမွာ္ေပါက္လာဖို႔အတြက္ ဒိန္ခ်ဥ္နဲ႔အုပ္ထားခဲ့ပါေသးတယ္။

Maidရဲ႕ဦးေခါင္းက Montbretia အပင္နဲ႔ျပည့္ေနၿပီး အဝတ္အေနနဲ႔ကေတာ့ ႏြယ္ပင္ေတြပါပဲ။ Mud Maid ကို ဖန္တီးခဲ့တဲ့ ေမာင္ႏွမ(၂) ဦးနဲ႔ သူတို႔ေတြ ဘယ္လိုလုပ္ခဲ့လဲဆိုတာကို ပုံမွာ ျမင္ေတြ႕ရမွာပါ။

The Lost Gardens of Heligan ကို (၁၈) ရာစုတုန္းက Tremayne မိသားစုကတည္ေထာင္ခဲ့တာျဖစ္ၿပီး ၿဗိတိန္ရဲ႕ေက်ာ္ၾကားတဲ့

႐ုကၡေဗဒဥယ်ာဥ္ေတြထဲကတစ္ခုျဖစ္ပါတယ္။ ပထမကမာၻစစ္မတိုင္ခင္က ဥယ်ာဥ္ကို ထိန္းသိမ္းေစာင့္ေရွာက္ဖို႔အတြက္

ဥယ်ာဥ္မႉး (၂၂) ဦးကို ခန႔္အပ္ထားခဲ့တာပါ။ဒါေပမဲ့စစ္ပြဲျဖစ္ပြားတဲ့အခါမွာ ဥယ်ာဥ္မႉးေတာ္ေတာ္မ်ားမ်ားက ေရွ႕တန္းထြက္ခဲ့ရပါတယ္။

ပထမကမာၻစစ္ၿပီးသြားတဲ့ေနာက္မွာ ဥယ်ာဥ္မႉးအေရအတြက္က ေလ်ာ့နည္းလာၿပီး ေျမေနရာကလည္း ယိုယြင္းပ်က္စီးလာခဲ့ရပါတယ္။ ေနာက္ပိုင္းမွာ

ျပန္လည္ေကာင္းမြန္လာခဲ့ၿပီး နာမည္ႀကီးဥယ်ာဥ္ေတြထဲက တစ္ခုျဖစ္လာခဲ့ပါတယ္။ ႏွစ္ေပါင္း (၄၀၀) သက္တမ္းရွိၿပီးျဖစ္တဲ့ ဥယ်ာဥ္က ႏွစ္တိုင္း သက္ရွိ႐ုပ္တုႀကီးေတြနဲ႔ အလည္အပတ္လာေရာက္သူေထာင္ခ်ီကို ဆြဲေဆာင္ထားတယ္လို႔သိရပါတယ္။

Crd