သူ႔ရဲ႕ အသိုက္အထင္နဲ႔ ကယ္ဆယ္ေပးခဲ့တဲ့ကေလးမေလးရဲ႕ဆံပင္ထဲ၌သာ အၿမဲဝင္ေနတတ္တဲ့ ရွဥ့္ေပါက္ေလး

Unicode

သူ့ရဲ့ အသိုက်အထင်နဲ့ ကယ်ဆယ်ပေးခဲ့တဲ့ကလေးမလေးရဲ့ဆံပင်ထဲ၌သာအမြဲဝင်နေတတ်တဲ့ရှဉ့်ပေါက်လေး

ဇင်ဘာဘွေနိုင်ငံမှ အသက် 16 နှစ်အရွယ် မိန်းကလေးတစ်ဦးဟာကယ်တင်ထားတဲ့ရှဉ့်ပေါက်လေးတစ်ကောင်အား သူမရဲ့ဆံပင်ထဲမှာ နေထိုင်ခွင့်ပြုကာမွေးမြူထားပါတယ်။

Harare ၏မြို့တော်မှ 25 မိုင်အကွာရှိတိရိစ္ဆာန်ဘေးမဲ့တောတစ်ခုကိုဖွင့်လှစ်ထားတဲ့ အဆိုပါ Abby Putterill အမည်ရှိမိန်းကလေးရဲ့မိဘများက ၎င်းရှဉ့်ကလေးကိုကယ်တင်ခဲ့ကြပြီး Hammy လို့ အမည်ပေးထားတာဘဲဖြစ်ပါတယ်။

Hammy ဟာ တစ်နေ့မှာ Abby ရဲ့pony tail လိုစီးထားတဲ့ဆံပင်ပေါ်သို့တက်ကြည့်လိုက်ပြီးနောက် ၎င်းမှာနေထိုင်ဖို့ဆုံးဖြတ်ခဲ့ပြီး

Abby နဲ့ သူမရဲ့အမွေးပွသူငယ်ချင်းတို့ဟာ ယခုအခါ အတူတူရှိနေကြတာ နှစ်လလောက်ရှိပြီဖြစ်ပြီး ရှဉ့်လေးကလည်း အတော်လေး ပျော်နေပုံရပါတယ်။

ဒဏ်ရာအပြင်းအထန်ရရှိထားတဲ့ Hammy လေးကို Bally Vaughan တောရိုင်းတိရိစ္ဆာန်ဘေးမဲ့တောရဲ့အေးခဲတဲ့ကြမ်းပြင်တစ်နေရာပေါ်မှာတွေ့ရှိခဲ့စဉ်က ၎င်းဟာ ရက်ပိုင်းလောက်သာရှိတဲ့မွေးကင်းစအရွယ်သာရှိပါသေးတယ် ။

ထို့နောက် ခင်ပွန်းဖြစ်သူ Gordon နှင့် ဥယျာဉ်ကိုပူးတွဲပိုင်ဆိုင်သည့် Abby ရဲ့မိခင် Debbie Putterill က မွေးကင်းစရှဉ့်ကလေးကို ၎င်းတို့အိမ်သို့ခေါ်ဆောင်သွားခဲ့ပါတယ်။

အံ့သြစရာကောင်းတာက ရှဉ့်လေးဟာ ၎င်းတို့ရဲ့သမီး Abby ဆီကို တည့်တည့်သွားပြီး သူမရဲ့ဦးခေါင်းဆီကိုပြေးတက်ကာ သူမရဲ့ဆံပင်ထဲမှာ အိမ်သေးသေးလေးကို ဖန်တီးလိုက်ပါတယ်။

နောက်ပိုင်းမှာ Abby ဟာ သူမရဲ့ဆံပင်ကို နောက်ကျောတွင် စုစီးထားလာပြီး Hammy လေးအတွက် ပြီးပြည့်စုံတဲ့အိမ်သေးလေးကိုဖန်တီးပေးလိုက်ပါတယ်။

လက်ရှိမှာ အိပ်စက်တာနဲ့ရေချိုးတာမှလွှဲပြီး Hammy နှင့် Abby တို့ဟာ ခွဲထားလို့မရအောင် တပူးတတွဲနဲ့ အတူရှိနေကြပါတယ်။ မိခင် Putterill က “ Hammy ကနေကောင်းလာတော့ အမြန်ကြီး ကြီးထွားလာတယ်၊

သူ့ကိုစတွေ့တုန်းကတော့ရုံးခန်းရဲ့ကွန်ကရစ်ကြမ်းပြင်မှာလဲလျောင်းနေခဲ့တာ၊ သူကသူ့ရဲ့သက်ငယ်မိုးပေါ်မှ ပြုတ်ကျလာခဲ့ပုံရတယ် ၊

ကျွန်မတို့ဟာ သူ့ကိုမတွေ့ခဲ့ရင် အဲ့တုန်းက သူ ဆယ်ရက်သားပဲရှိသေးတာဆိုတော့ သူသေသွားမှာဘဲ၊ အခုတော့ သူက ကျွန်မတို့မိသားစုရဲ့ကြိုဆိုရမယ့်အဖွဲ့ဝင်တစ်ဦးဖြစ်လာတယ်။ ” လို့ဆိုခဲ့ပါတယ်။

ထို့ပြင် Abby ၏မိခင်က “ သူငယ်ငယ်တုန်းကတော့ ကျွန်မတို့လက်ဖဝါးပေါ်တင်မဟုတ်တဲ့ တခြားဘယ်နေရာမှာမှ မအိပ်တတ်ပေမယ့်

သူအသက်ကြီးလာတာနဲ့အမျှ ကျွန်မတို့ကို သစ်ပင်တွေလိုဆက်ဆံပြီး ၊ကျွန်မတို့အဝတ်အစားအောက်မှာ မြုပ်နေတတ်တယ်၊

ဒါမယ့် တစ်နေ့တော့ သူ Abby နဲ့ ကစားရင်း Abby ရဲ့ဆံပင်တွေထဲကို တွားသွားခဲ့ရင်းကနေ ခုတော့ Abby ရဲ့ဆံပင်ထဲမှာဘဲ နေတော့တယ် ” လို့လည်း ဆိုခဲ့ပါသေးတယ်။

ရှဉ့်တစ်ကောင်က အခုလိုပြုမူတာမျိုးကိုတစ်ခါမှမမြင်ဖူးသလိုမြင်ရတာ ရယ်စရာကောင်းနေပေမဲ့လည်း ရှဉ့်လေးဟာ ဆံပင်ထဲမှာ လှဲလျောင်းရင်း ကမ္ဘာကြီးကိုကြည့်ရှုရင်း ပျော်ရွှင်နေပုံရပါတယ်။

၎င်း Bally Vaughan တောရိုင်းတိရိစ္ဆာန်ဘေးမဲ့တောကို Abbyရဲ့အဖွားနှင့်အဘိုးတို့က 1980 ခုနှစ်အစောပိုင်း၌

ဖျားနာပြီးထိခိုက်ဒဏ်ရာရရှိသော အာဖရိကတောရိုင်းတိရိစ္ဆာန်များကိုပြုစုစောင့်ရှောက်ရန် ၎င်းတို့၏အိပ်မက်များကို ဖြည့်ဆည်းပေးဖို့ တည်ထောင်ထားခဲ့ခြင်းဖြစ်ပါတယ်။

Crd

Zawgyi

သူ႔ရဲ႕အသိုက္အထင္နဲ႔ကယ္ဆယ္ေပးခဲ့တဲ့ကေလးမေလးရဲဆံပင္ထဲ၌သာအၿမဲဝင္ေနတတ္တဲ့ရွဥ့္ေပါက္ေလး

ဇင္ဘာေဘြႏိုင္ငံမွအသက္16ႏွစ္အ႐ြယ္မိန္းကေလးတစ္ဦးဟာကယ္တင္ထားတဲ့ရွဥ့္ေပါက္ေလးတစ္ေကာင္အားသူမရဲဆံပင္ထဲမွာ ေနထိုင္ခြင့္ျပဳကာေမြးျမဴထားပါတယ္။

Harare ၏ၿမိဳ႕တာ္မွ25 မိုင္အကြာရွိတိရိစာၦန္ေဘးမဲ့ေတာတစ္ခုကိုဖြင့္လွစ္ထားတဲ့အဆိုပါ Abby Putterill အမည္ရွိမိန္းကေလးရဲ႕မိဘမ်ားက ၎ရွဥ့္ကေလးကိုကယ္တင္ခဲ့ၾကၿပီး Hammy လို႔ အမည္ေပးထားတာဘဲျဖစ္ပါတယ္။

Hammy ဟာ တစ္ေန႔မွာ Abby ရဲ႕pony tailလိုစီးထားတဲ့ဆံပင္ေပၚသို႔တက္ၾကည့္လိုက္ၿပီးေနာက္၎မွာေနထိုင္ဖို႔ဆုံးျဖတ္ခဲ့ၿပီး

Abby နဲ႔သူမရဲ႕အေမြးပြသူငယ္ခ်င္းတို႔ဟာယခုအခါအတူတူရွိေနၾကတာႏွစ္လေလာက္ရွိၿပီျဖစ္ၿပီး ရွဥ့္ေလးကလည္း အေတာ္ေလး ေပ်ာ္ေနပုံရပါတယ္။

ဒဏ္ရာအျပင္းအထန္ရရွိထားတဲ့ Hammy ေလးကို Bally Vaughan ေတာ႐ိုင္းတိရိစာၦန္ေဘးမဲ့ေတာရဲ႕ေအးခဲတဲ့ၾကမ္းျပင္တစ္ေနရာေပၚမွာေတြ႕ရွိခဲ့စဥ္က ၎ဟာ ရက္ပိုင္းေလာက္သာရွိတဲ့ေမြးကင္းစအ႐ြယ္သာရွိပါေသးတယ္ ။

ထို႔ေနာက္ ခင္ပြန္းျဖစ္သူ Gordon ႏွင့္ ဥယ်ာဥ္ကိုပူးတြဲပိုင္ဆိုင္သည့္ Abby ရဲ႕မိခင္ Debbie Putterill က ေမြးကင္းစရွဥ့္ကေလးကို ၎တို႔အိမ္သို႔ေခၚေဆာင္သြားခဲ့ပါတယ္။

အံ့ၾသစရာေကာင္းတာက ရွဥ့္ေလးဟာ ၎တို႔ရဲ႕သမီး Abby ဆီကိုတည့္တည့္သြားၿပီး သူမရဲ႕ဦးေခါင္းဆီကိုေျပးတက္ကာ သူမရဲ႕ဆံပင္ထဲမွာ အိမ္ေသးေသးေလးကို ဖန္တီးလိုက္ပါတယ္။

ေနာက္ပိုင္းမွာ Abby ဟာသူမရဲဆံပင္ကို ေနာက္ေက်ာတြင္ စုစီးထားလာၿပီး Hammy ေလးအတြက္ ၿပီးျပည့္စုံတဲ့အိမ္ေသးေလးကိုဖန္တီးေပးလိုက္ပါတယ္။

လက္ရွိမွာ အိပ္စက္တာနဲ႔ေရခ်ိဳးတာမွလႊဲၿပီး Hammy ႏွင့္ Abby တို႔ဟာ ခြဲထားလို႔မရေအာင တပူးတတြဲနဲ႔အတူရွိေနၾကပါတယ္။ မိခင္ Putterill က “ Hammy ကေနေကာင္းလာေတာ့အျမန္ႀကီး ႀကီးထြားလာတယ္၊

သူ႔ကိုစေတြ႕တုန္းကေတာ့႐ုံးခန္းရဲ႕ကြန္ကရစ္ၾကမ္းျပင္မွာလဲေလ်ာင္းေနခဲ့တာ၊သူကသူ႔ရဲ႕သက္ငယ္မိုးေပၚမွ ျပဳတ္က်လာခဲ့ပုံရတယ္ ၊

ကြၽန္မတို႔ဟာသူ႔ကိုမေတြ႕ခဲ့ရင္အဲ့တုန္းကသူဆယ္ရက္သားပဲရွိေသးတာဆိုေတာ့သူေသသြားမွာဘဲ၊အခုေတာ့သူကကြၽန္မတို႔မိသားစုရဲ႕ႀကိဳဆိုရမယ့္အဖြဲ႕ဝင္တစ္ဦးျဖစ္လာတယ္။ ”လို႔ဆိုခဲ့ပါတယ္။

ထို႔ျပင္ Abby ၏မိခင္က “ သူငယ္ငယ္တုန္းကေတာ့ကြၽန္မတို႔လက္ဖဝါးေပၚတင္မဟုတ္တဲ့ တျခားဘယ္ေနရာမွာမွမအိပ္တတ္ေပမယ့္

သူအသက္ႀကီးလာတာနဲ႔အမွ် ကြၽန္မတို႔ကိုသစ္ပင္ေတြလိုဆက္ဆံၿပီး ၊ကြၽန္မတို႔အဝတ္အစားေအာက္မွာ ျမဳပ္ေနတတ္တယ္၊

ဒါမယ့္ တစ္ေန႔ေတာ့ သူAbby နဲ႔ ကစားရင္းAbby ရဲဆံပင္ေတြထဲကို တြားသြားခဲ့ရင္းကေန ခုေတာ့ Abby ရဲ႕ဆံပင္ထဲမွာဘဲ ေနေတာ့တယ္ ”လို႔လည္း ဆိုခဲ့ပါေသးတယ္။

ရွဥ့္တစ္ေကာင္က အခုလိုျပဳမူတာမ်ိဳးကို တစ္ခါမွမျမင္ဖူးသလို ျမင္ရတာ ရယ္စရာေကာင္းေနေပမဲ့လည္း ရွဥ့္ေလးဟာ ဆံပင္ထဲမွာလွဲေလ်ာင္းရင္း ကမာၻႀကီးကိုၾကည့္ရႈရင္း ေပ်ာ္႐ႊင္ေနပုံရပါတယ္။

၎ Bally Vaughan ေတာ႐ိုင္းတိရိစာၦန္ေဘးမဲ့ေတာကို Abbyရဲ႕အဖြားႏွင့္အဘိုးတို႔က 1980 ခုႏွစ္အေစာပိုင္း၌

ဖ်ားနာၿပီးထိခိုက္ဒဏ္ရာရရွိေသာ အာဖရိကေတာ႐ိုင္းတိရိစာၦန္မ်ားကိုျပဳစုေစာင့္ေရွာက္ရန္ ၎တို႔၏အိပ္မက္မ်ားကို ျဖည့္ဆည္းေပးဖို႔ တည္ေထာင္ထားခဲ့ျခင္းျဖစ္ပါတယ္။

Crd