Unicode
ကလေးငယ်များသည် မနက်အိပ်ရာအစောမထချင်သလို အစားစားသည့်အခါမှာလည်း နှေးကွေးလွန်းကာ ကျောင်းနောက်ကျစေပြီး
မိဘတို့မှာလည်း အလုပ်တစ်ဖက်ရှိသည့်အခါ အစစအရာရာ စိတ်မရှည်တော့ပဲ ကလေးတွေကိုလည်း သွက်သွက်လက်လက်လုပ်နေတာမျိုးပဲ မြင်စေချင်တော့သည်။
သို့ဖြစ်၍ ဗီယက်နမ်နိုင်ငံက ဖခင်တစ်ဦးသည် သမီးလေးမှ မူလတန်းကျောင်းတက်နေချိန် မနက်အစော အိပ်ရာနိုးရခက်ပြီ
း အစားစားသည့်အချိန်မှာလည်း ငေးမောပြီးတော့ သွက်သွက်လက်လက်ကိုမရှိ၍ ကျောင်းအမြဲနောက်ကျခဲ့ရသည်။
ဖခင်ဖြစ်သူသည် သမီးလေးရဲ့မကောင်းတဲ့အကျင့်ကို ဖျောက်စေလိုသောအခါ ကိုယ်တိုင်ခံစားသိရှိစေရန် တစ်နေ့မှာ ဖခင်ဖြစ်သူသည် မနက်အစောမထတော့ပဲ အိပ်ချင်ယောင်ဆောင်ကာ သမီးလေးလာနိုးမှပဲ အိပ်ရာကထခဲ့သည်။
ထို့အပြင် သမီးလေးမှ ကျောင်းနောက်ကျတော့မည်ကိုသိနေ၍ ကိုယ့်ဘာသာကိုအဝတ်စားတွေမြန်မြန်လဲပြီး အဆင်သင့်ဖြစ်အောင်ပြင်ဆင်ထားပေမယ့်
ကျောင်းလိုက်ပို့ပေးမည့် ဖခင်ဖြစ်သူမှာ ထမင်းကိုတမင်နှေးအောင်စားပြနေပြီး စိတ်မပါလက်မပါနဲ့ အိပ်ငိုက်ရင်း စားပြနေခဲ့သည်။
ထိုအချိန်မှပဲ သမီးလေးသည် သူမကိုယ့်ကိုယ်ပြန်မြင်ယောင်စေမိပြီး ကျောင်းနောက်ကျနေပြီဖြစ်၍ အမြန်စားရန်တောင်းပန်ကာ သူမရဲ့မကောင်းတဲ့အကျင့်တွေလည်းပြင်သွားမည်ဟု ဖခင်အားပြောဆိုခဲ့သည်။
Crd
Zawgyi
Crd