Unicode
ငါးမန်းဖြူကို ချက်ပြုတ်စားသောက်ခဲ့လို့ ဒေါ်လာ ၁၈၅၀၀ ဒဏ်ရိုက်ခံရတဲ့ အစားအသောက်ဘလော့ဂါ
ပြီးခဲ့တဲ့နှစ်က တရုတ်လူမျိုးအစားအသောက်ဘလော့ဂါတစ်ဦးဟာ တရုတ်နိုင်ငံမှာ ကာကွယ်စောင့်ရှောက်ခံထားရတဲ့ငါးမန်းဖြူကြီးတစ်ကောင်ကို
ဝယ်ယူပြင်ဆင်ချက်ပြုတ်စားသောက်တဲ့ဗီဒီယိုကို တင်ခဲ့ပြီးတဲ့နောက်မှာ ဒေါ်လာ ၁၈၅၀၀ ခန့် ဒဏ်ရိုက်ခံခဲ့ရပါတယ်။
တီဇီလို့ လူသိများတဲ့ အစားအသောက်ဘလော့ဂါက အရှည် ၆ ပေရှိတဲ့ ငါးမန်းကို ဝယ်ယူပြီး ချက်ပြုတ်စားသောက်ပြတဲ့ ဗီဒီယိုကို တရုတ်လူမှုကွန်ယက်
Douyin မှာ တင်ခဲ့တာပါ။ ဗီဒီယိုထဲမှာ ငါးမန်းဟာ ကြမ်းတမ်းပုံပေါ်ပေမဲ့ အသားက တကယ်နူးညံ့တယ်လို့လည်း ပြောခဲ့ပါသေးတယ်။
နန်ချွန်မြို့က ရဲတွေဟာ တီဇီက ငါးမန်းဖြူကို တရားမဝင် ဝယ်ယူချက်ပြုတ်စားသောက်နေတာဟုတ်မဟုတ် စုံစမ်းစစ်ဆေးနေခဲ့တာပါ။ ရဲတွေက
ဒီငါးမန်းက မျိုးသုဉ်းလုနီးပါးဖြစ်နေတဲ့ ငါးမန်းဖြူတစ်ကောင်ဖြစ်ပြီး တီဇီ ယူဆထားတဲ့ hooktooth ငါးမန်းတစ်ကောင်မဟုတ်ဘူးလို့ အခိုင်အမာယုံကြည်ထားခဲ့တာပါ။
အာဏာပိုင်တွေက တစ်သျူးအပိုင်းအစတွေကို DNA ခွဲခြမ်းစိတ်ဖြာမှု ပြုလုပ်ကြည့်တော့ တီဇီ ဝယ်ယူခဲ့တဲ့ ငါးမန်းကငါးမန်းဖြူ
တစ်ကောင်ဖြစ်တာကိုအတည်ပြုခဲ့ပြီးတဲ့နောက်မှာ တီဇီက တရုတ်ရဲ့တောရိုင်းတိရစ္ဆာန်ကာကွယ်ရေးဥပဒေကို ချိုးဖောက်ခဲ့တာ တွေ့ရှိခဲ့တယ်လို့ ဇန်နဝါရီ ၂၈ ရက်နေ့မှာ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
နာမည်အရင်း ကျင်မူမူ လို့သိရတဲ့ အစားအသောက်ဘလော့ဂါက ယွမ် ၁၂၅၀၀၀ (ဒေါ်လာ ၁၈၅၀၀ခန့်) ဒဏ်ရိုက်ခံခဲ့ရတယ်။
သူ့ကို ငါးမန်းရောင်းချခဲ့တဲ့ ငါးဖမ်းသမားနဲ့ငါးဒိုင်သမားကိုလည်း ဖမ်းဆီးထားတယ်လို့ ထုန်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အရင်ကလည်း တီဇီဟာ ဖော်လိုဝါ ၇.၈ သန်းရှိတဲ့ သူ့ရဲ့ Douyin အကောင့်မှာ မိကျောင်းနဲ့ ငှက်ကုလားအုတ်အပါအဝင် ထူးဆန်းတဲ့ တိရစ္ဆာန်တွေစားသုံးတဲ့ ဗီဒီယိုတွေကိုလည်း တင်ခဲ့ဖူးပါတယ်။
Crd
Zawgyi
ငါးမန္းျဖဴကို ခ်က္ျပဳတ္စားေသာက္ခဲ့လို႔ ေဒၚလာ ၁၈၅၀၀ ဒဏ္႐ိုက္ခံရတဲ့ အစားအေသာက္ဘေလာ့ဂါ
ၿပီးခဲ့တဲ့ႏွစ္က တ႐ုတ္လူမ်ိဳးအစားအေသာက္ဘေလာ့ဂါတစ္ဦးဟာ တ႐ုတ္ႏိုင္ငံမွာ ကာကြယ္ေစာင့္ေရွာက္ခံထားရတဲ့ငါးမန္းျဖဴႀကီးတစ္ေကာင္ကို
ဝယ္ယူျပင္ဆင္ခ်က္ျပဳတ္စားေသာက္တဲ့ဗီဒီယိုကို တင္ခဲ့ၿပီးတဲ့ေနာက္မွာ ေဒၚလာ ၁၈၅၀၀ ခန႔္ ဒဏ္႐ိုက္ခံခဲ့ရပါတယ္။
တီဇီလို႔ လူသိမ်ားတဲ့ အစားအေသာက္ဘေလာ့ဂါက အရွည္ ၆ ေပရွိတဲ့ ငါးမန္းကို ဝယ္ယူၿပီး ခ်က္ျပဳတ္စားေသာက္ျပတဲ့ ဗီဒီယိုကို တ႐ုတ္လူမႈကြန္ယက္
Douyin မွာ တင္ခဲ့တာပါ။ ဗီဒီယိုထဲမွာ ငါးမန္းဟာ ၾကမ္းတမ္းပုံေပၚေပမဲ့ အသားက တကယ္ႏူးညံ့တယ္လို႔လည္း ေျပာခဲ့ပါေသးတယ္။
နန္ခြၽန္ၿမိဳ႕က ရဲေတြဟာ တီဇီက ငါးမန္းျဖဴကို တရားမဝင္ ဝယ္ယူခ်က္ျပဳတ္စားေသာက္ေနတာဟုတ္မဟုတ္ စုံစမ္းစစ္ေဆးေနခဲ့တာပါ။ ရဲေတြက
ဒီငါးမန္းက မ်ိဳးသုဥ္းလုနီးပါးျဖစ္ေနတဲ့ ငါးမန္းျဖဴတစ္ေကာင္ျဖစ္ၿပီး တီဇီ ယူဆထားတဲ့ hooktooth ငါးမန္းတစ္ေကာင္မဟုတ္ဘူးလို႔ အခိုင္အမာယုံၾကည္ထားခဲ့တာပါ။
အာဏာပိုင္ေတြက တစ္သ်ဴးအပိုင္းအစေတြကို DNA ခြဲျခမ္းစိတ္ျဖာမႈ ျပဳလုပ္ၾကည့္ေတာ့ တီဇီ ဝယ္ယူခဲ့တဲ့ ငါးမန္းကငါးမန္းျဖဴ
တစ္ေကာင္ျဖစ္တာကိုအတည္ျပဳခဲ့ၿပီးတဲ့ေနာက္မွာ တီဇီက တ႐ုတ္ရဲ႕ေတာ႐ိုင္းတိရစာၦန္ကာကြယ္ေရးဥပေဒကို ခ်ိဳးေဖာက္ခဲ့တာ ေတြ႕ရွိခဲ့တယ္လို႔ ဇန္နဝါရီ ၂၈ ရက္ေန႔မွာ ထုတ္ျပန္တဲ့ ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။
နာမည္အရင္း က်င္မူမူ လို႔သိရတဲ့ အစားအေသာက္ဘေလာ့ဂါက ယြမ္ ၁၂၅၀၀၀ (ေဒၚလာ ၁၈၅၀၀ခန႔္) ဒဏ္႐ိုက္ခံခဲ့ရတယ္။
သူ႔ကို ငါးမန္းေရာင္းခ်ခဲ့တဲ့ ငါးဖမ္းသမားနဲ႔ငါးဒိုင္သမားကိုလည္း ဖမ္းဆီးထားတယ္လို႔ ထုန္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။
အရင္ကလည္း တီဇီဟာ ေဖာ္လိုဝါ ၇.၈ သန္းရွိတဲ့ သူ႔ရဲ႕ Douyin အေကာင့္မွာ မိေက်ာင္းနဲ႔ ငွက္ကုလားအုတ္အပါအဝင္ ထူးဆန္းတဲ့ တိရစာၦန္ေတြစားသုံးတဲ့ ဗီဒီယိုေတြကိုလည္း တင္ခဲ့ဖူးပါတယ္။
Crd