၁၄နှစ်ကြာထိသံကြိုးခတ်လို့ချုပ်နှောင်ခံခဲ့ရတဲ့သူမတို့အကြောင်းလေးပုံ့ပြောပြမယ်…လူရယ်လို့ဖြစ်လာပြီမို့လောကဒဏ်ရဲ့ရိုက်နှက် မှုကိုခံရတာသိပ်တော့မဆန်းလှပါဘူး… ဒါပေမဲ့အဲ့ဒီ့လောကဒဏ်ဆိုတာကြီးကသူတို့သားအမိကိုမှခဏခဏလွှဲလွှဲရိုက်နေတာကတော့ အရမ်းကိုရင်နာစရာကောင်းလှပါတယ်… သူတို့သားအမိပုံ့ဆီရောက်လာပုံလေးကထူးဆန်းတယ်…ပုံ့ဖွင့်ထားတာဘိုးဘွားရိပ်သာဆိုတော့ပုံမှန်ဆိုသားသမီးတွေကပစ်သွားတဲ့မိအိုဘအိုတွေဘဲရောက်လာတတ်ကြတယ်… သူတို့ကတော့ထူးထူးခြားခြားမအေကိုယ်တိုင်ကသူ့သမီးလေးကိုရိပ်သာအပ်ပါရစေဆိုပြီးခွင့်လာတောင်းခဲ့တာ… သူတို့သားအမိပုံ့ဆီရောက်လာခဲ့တာခုဆောင်းတွင်းဆိုတနှစ်ပြည့်ခဲ့ပြီ… သူတို့ရဲ့ဇာတ်လမ်းလေးဟာရင်နာစရာကောင်းလွန်းလို့ရေးဖို့တောင်စကားလုံးတွေရှာမရခဲ့ဘူး… ဒါပေမဲ့လောကကိုလွယ်လွယ်အရှုံးပေးတတ်ကြသူတွေကိုတွေ့တိုင်းဒီသားအမိအကြောင်းလေးကိုရေးပြချင်ခဲ့မိပါတယ်… မနှစ်ကဆောင်းရာသီရဲ့နှင်းတွေကျနေတဲ့နေ့တနေ့မှာပေါ့…ပိန်ချုံးပြီးမျက်ကွင်းတွေတောင်ကျနေပြီဖြစ်တဲ့အဖွားတစ်ယောက်စက်ဘီးအစုတ်လေးကိုစီးပြီးပုံ့ဆီရောက်လာခဲ့တယ်…ပုံ့အတွက်တော့အဲ့ဒီနေ့သည်လဲအရင်နေ့တွေလိုပါဘဲ ကလေးတွေနဲ့ဆော့ရင်းရိပ်သာရှေ့ကခုံလေးမှာထိုင်နေခဲ့တယ်… အဲ့ဒီအချိန်အဖွားရောက်လာပြီးပုံ့ကိုမေးရှာတယ်”သမီးခိုလှုံရာဆိုတာဒါလားဟင်”ပုံ့လဲ”ဟုတ်ပါတယ်အဖွား…ဘာကိစ္စရှိလို့လဲလာထိုင်ပါ”ဆိုတော့… အဖွားကပုံ့ဘေးကထိုင်ခုံလေးမှာဝင်ထိုင်ရင်းဘာမပြောညာမပြောနဲ့ချုံးပွဲချငိုပါတော့တယ်… ပုံ့လဲရိပ်သာကဝန်ထမ်းတွေနဲ့ဘာများဖြစ်လို့ပါလိမ့်ဆိုပြီးစိတ်ပူသွားတယ်… အဖွားခမျာတော့ဒီစကားလုံးတွေကိုပြောထွက်ဖို့အတွက်ရင်ထဲမှာအရမ်းကိုတစ်ဆို့နေပုံပေါ်ပါတယ်… ပုံ့မေးတာမဖြေနိုင်သေးဘဲသူငိုလို့ဝတော့မှ…”အဖွားသမီးလေးကိုဒီရိပ်သာမှာထားချင်လို့ပါသမီရယ်”တဲ့… ပြောပြီးတာနဲ့ချုံးပွဲချငိုပြန်ပါတယ်…သားသမီးကိုပစ်ရတဲ့ပွဲဆိုတော့လဲမငိုဘဲဘယ်နေနိုင်ပါ့မလဲလေ… ပုံ့လဲ“ဟင်”လို့တလုံးတည်းသာပြောပြီးအတော်အံ့သြသွားမိတယ်… ဟုတ်တယ်လေပုံ့ဖွင့်ထားတာဘိုးဘွားရိပ်သာဆိုတော့ပုံ့ဆီရောက်လာတာတွေကများသောအားဖြင့်သားသမီးကပစ်တဲ့မိအိုဘအိုတွေ… အခုကျမိခင်ကိုယ်တိုင်ကသူ့သမီးလေးကိုလာအပ်ရှာတာဆိုတော့မအံ့သြခံနိုင်ပါ့မလား… ဒါနဲ့ပုံ့လဲ…”အဖွား…အဖွားသမီးလေးကဘာဖြစ်လို့လဲ…ဘာလို့အပ်ချင်တာလဲ”ဆိုတော့အဖွားက… ”ကျွန်မသမီးလေးကစိတ်ကျန်းမာရေးမကောင်းရှာတဲ့သူပါရှင်… အသက်ကအခုဆို၃၅နှစ်ရှိပါပြီအသက်၁၈နှစ်လောက်ထဲကဒီရောဂါဖြစ်ခဲ့တာပါ…””သူ့အဖေလဲသူ့ရောဂါကိုကုရင်းနဲ့ဘဲဆုံးသွားတာ၁၀နှစ်လောက်ရှိပါပြီ… သူ့အဖေမရှိထဲကကျွန်မဘဲ ရှာဖွေကျွေးမွေးခဲ့ရတာပါ””အခုသမီးလေးရောဂါက ပိုဆိုးလာလို့ ကျွန်မသူနဲ့လဲမနေရဲတော့လို့ပါ ပြီးတော့ကျွန်မလဲအသက်ကြီးလာတော့ကျန်းမာရေးမကောင်းတော့လို့သူ့ကိုလဲဝအောင်ရှာမကျွေးတော့သလို၊ ကျွန်မသေသွားရင်လဲသမီးလေးကိုတစ်ယောက်ထဲ စိတ်မချလို့လာအပ်ရတာပါရှင်… …
၁၄ နှစ်ကြာထိ သံကြိုးခတ်လို့ ချုပ်နှောင်ခံခဲ့ရတဲ့ သူမ Read More