စိတ်ဓာတ်ကျနေရင် ပြင်ဦးလွင်က ဒီမေမေကိုကြည့်ပါ။ ကိုယ်ဝန်သုံးလမှာ အမျိုးသားက ကလေးမလိုချင်လို့ ထားသွားတယ်။အဲတော့ ကိုယ်ဝန်နေ့စေ့လစေ့ကြီးနဲ့ ပန်းရံဝင်လုပ်တယ်။ မွေးခါနီးစရိတ်ခက်ခဲနေလို့ ကျွန်တော်တို့နဲ့အဆက်သွယ်ရပြီး အခမဲ့မွေးဖို့စီစဉ်ပေးနိုင်ခဲ့ပါတယ်။ မွေးပြီးတော့လည်း အလေးအပင် မမနိုင်လို့အခု သမီးလေးကို ဆိုင်ကယ်ပေါ်တင်ပြီး အဝတ်လိုက်လျော်ပါတယ်။ အခုလည်း တစ်လ ၈သောင်းနဲ့ ပြင်ဦးလွင်က ဆိုင်တစ်ခုမှာ အဝတ်လိုက်လျော်နေပါတယ်။အိမ်ငှားခတင် တစ်လ လေးသောင်းပါ။ ဘဝကိုမဖြစ်ဖြစ်အောင်တယောက်ထဲ ရပ်တည်နေတဲ့ သတ္တိရှိတဲ့ မေမေပါ။ …